Wednesday, December 25, 2013

မြို့လယ်ကောင် တရားမဝင် အနှိပ်ခန်း ဖွင့်သူ ၁၃ဦး ဒဏ်ငွေတစ်ထောင်စီ ချမှတ်

မြို့လယ်ကောင် တရားမဝင် အနှိပ်ခန်း ဖွင့်သူ ၁၃ဦး ဒဏ်ငွေတစ်ထောင်စီ ချမှတ်
*********************************************************
မန္တလေး၊ ဒီဇင်ဘာ၂၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စင်္ကြနွယ်စဉ် ရပ်ကွက် ၇၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ HAWEII SPA အလှပြင်ဆိုင်တွင် တရား မဝင် အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေသူ ၁၃ ဦး ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ တွင် အဆိုပါ မြို့နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေ တစ်ထောင်ကျပ်စီ ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ တရားမဝင် အနှိပ်ခန်း ဦးစီးလုပ်ကိုင်သူ ဦးမင်းသန့်နှင့် အနှိပ်နှိပ်သူ ၁၂ ဦး တို့ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မဟာအောင်မြေ မြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ရာကြီး အမှတ် ၁၇၆၂/၂၀၁၃ ဖြင့် မြို့နယ် တရားသူကြီးက လက်ခံစစ်ဆေးပြီး ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"အနှိပ်ခန်း တွေကတော့ အစားစားပဲ။ ဟိုတယ်တွေ မှာလည်း ရှိတယ်၊ အလှပြင်ဆိုင် တွေမှာ ခေါင်းလျှော်ပြီး နှိပ်ပေးတဲ့ အနှိပ်ခန်းတွေ ရှိတယ်၊ နောက်ပြီး ကိုယ့်အချိတ်အဆက်နဲ့ ကိုယ် လိင်ဆက်ဆံလို့ ရတဲ့ အနှိပ်ခန်း တွေလည်း ရှိတယ်" ဟု အနှိပ်ခန်းများကို သွားလေ့ရှိသူ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၂၂ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
မဟာအောင်မြေ မြို့နယ်ရှိ အလှပြင်ဆိုင်တွင် အနှိပ်ခန်း ပြုလုပ်နေကြောင်း သတင်းအရ မန္တလေးခရိုင် မှုခင်းအကူ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး များက သက်သေများနှင့် အတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ည ၁၁ နာရီခန့် က ဝင်ရောက် စစ်ဆေးခဲ့ရာ တရားမဝင် အနှိပ်ခန်းကို ဦးစီး လုပ်ဆောင်နေသူ ဦးမင်းသန့် နှင့် အနှိပ်ခန်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလုပ်နေသည့် အမျိုးသမီး ၁၂ ဦးတို့ကို အနှိပ်ခန်း ဖွင့်လှစ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန် ရှိသူက ထပ်မံပြောကြားသည်။
The Voice Weekly

ငှက်ပျောသီးခွံဖြင့် သွားကို ဖြူစေ....

ငှက်ပျောသီးခွံဖြင့် သွားကို ဖြူစေ
==================
အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လည်း ငှက်ပျော်သီးခွံနဲ့ သွားကို ဖြူစေ ပါတယ်။
လုပ်ပုံ လုပ်နည်း ငှက်ပျောသီးရဲ့ အတွင်းခံနဲ့ သွားကို ပွတ်လိမ်းပေး ရမှာ ဖြစ်ပြီး ၂ မိနစ် အတွင်းကို ယခင်က ဝါနေတာတွေ၊ မဲနေတာတွေ သိသိသာသာ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနစ်စ် ဓာတ်များက သွားမှာ ကပ်နေတဲ့ အညစ်အကြေး၊ ဂျိုးများကို ကွာစေပြီး ဖြူဝင်းစေ လို့ ဖြစ်ပါတယ်။
ဒါကြောင့် ငှက်ပျောသီးခွံ ဟာလည်း အလွယ်ကူဆုံးနဲ့ သဘာဝ အကျဆုံး သွားဖြူဆေး တစ်ခုဖြစ်တဲ့ အတွက် ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက် ရပါတယ်။
Ref: medic-facts
http://www.myawady.net.mm/healthknowledge/item/4842-2013-01-20-10-47-11

Wednesday, November 20, 2013

ဓမ္မ နှင့် ဘာသာရေး

"ဓမ္မ" နှင့် "ဘာသာရေး" ( Dhamma & Religion ) ============================= CRDT;;;Words of Buddha သီတဂူဆရာတော် ဘုရားကြီး၏ ဟောကြားချက် * ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့  ၄၅နှစ် လုံးနေသွားတဲ့ အတွင်း ဘာဟော ခဲ့သလဲ ဆိုတော့ -- သေချာမှတ် ထား -- "ဓမ္မ" ။ "ဓမ္မ" ဆိုတာဘာလဲ --- "ဓမ္မ"ဆို တာလူ့ အဆင့် ကိုမြှင့်ပေးတယ်။ လူ့ အဆင့် ကို အဆင့် ဆင့်မြှင့် ပေးတယ်။ ဘယ်လို့  မြှင့်ပေးတာ လည်း---- အခြေခံကျင့် စဉ်သုံးခုကျင့် မှရမယ် ------ ၁။ (ကိုယ်နဲ့ နှုတ်သောင်းကျန်းမှု တွေကို ထိန်းခြင်း အကျင့်= သီလ) သီလကိုကျင့် လို့ ရှိရင် အားလုံးလူကောင်းတွေဖြစ်လာမယ်၊ [ to be good person ] ၂။ (စိတ်ပေါ်မှာ ရှိနေတဲ့ သောင်းကျန်းမှု တွေကိုငြိမ်းချမ်းအောင် ထိန်းခြင်းအကျင့် = သမာဓိ) သမာဓိ ကို ကျင့်လို့ ရှိ ရင်အားလုံးစိတ်ထားဖြောင့် တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမယ်။ [ to be right person] ၃။ ( စိတ်ထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကိုထုတ်ပစ်နိုင် ဖို့ ၊ စိတ်ထဲက အရှိတရား၊ အမှန်တရား ကိုသိအောင် ကျင့်ခြင်း = ပညာ) ပညာကိုကျင့် လို့ ရှိရင် ဖြူစင်တဲ့ သူတော်စင်တွေ ဖြစ် လာမယ် (အရိယာသူတော်စဉ်) ။ [ to be noble person ] ဥပမာဆိုရလျှင်--- * လူမမာ ရောဂါရလို့  ဆရာဝန်သွားပြ ရင် ဆရာဝန်က ဆေးညွှန်း ပေးလိမ့် မယ်၊ ဆေးညွှန်း အတိုင်း ဆေးပေး လိုက်လိမ့်မယ် ဆေးဘယ်လို သောက်ဖို့ ညွှန်ကြားလို လိမ့် မယ်၊ * ဒါကို လူနာက အိမ်ပြန်ရောက်တော့ အညွှန်းကိုဖတ်ကြည့်၊ ပြီးရင်း ကောင်းလိုက် တဲ့ ဆေးညွှန်း ဆိုပြီး ဆေးညွှန်း တွေပဲ ထိုင်ဖတ်တယ်၊ ပြီတော့ ဒီဆရာသိပ် တော်တာပဲ၊ ဆိုပြီး၊ ဒီဆရာဝန် ကို ယုံကြည်ပါ၏၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏၊ ဆိုပြီး လုပ်နေကာ ဆေးတော့ မသောက် ဖူး၊ ဒါဆို ဘာဖြစ်မလဲ------------------"လူနာ သေတာပေါ့။" * ဒီဥပမာ လို ပဲ၊ ဒီကနေ့ ဗုဒ္ဓဘာသာ အမျိုးကောင်းသား၊ အမျိုး ကောင်း သမီးတွေ၊ ယုံကြည်ပါ၏၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆို တဲ့ အဆင့်မှာ ရပ်၍ မနေ့ သင့်ပါဘူး။ ဆေးညွှန်း လဲဖတ်ပါ (ဆေးညွှန်း ဆိုတာက- ပိဋက တရားတော်တွေ )၊ ပြီးရင် ဆေးလည်းသောက်ပါ၊ (ဆေးဆိုတာက = သီလ၊သမာဓိ၊ ပညာ) သေချာတာက တော့ ဆေးမသောက်ပဲ၊ ၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆိုရင်ဖြင့် ဘာရောဂါ မှ မပျောက်ဖူး။ ဒါ အသေအချာပဲ။ * ဓမ္မကို ကိုးကွယ်မယ်ဆိုရင်ဖြင့်၊ ဓမ္မံ သရဏံ ဂစ္ဆာမိ နဲ့  ရပ်မနေပဲ၊ သီလ-သမာဓိ-ပညာ အကျင့်တရား ကို အလေးထားကျင့် ကြံ မှသာ ဗုဒ္ဓ အလိုကျ ဓမ္မကို ကိုးကွယ်ရာရောက်မှာဖြစ်ကြောင်းအသိတရားပွင့် လာစေရန် ဟောကြားဆုံးမတော်မူခဲ့ပါတယ်။ ၀ိပဿနာဆရာကြီး ဦးဂိုအင်ကာ၏ ဆုံးမသြ၀ါ ဒ * လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က မဟာပုရိသ ယောက်ကျားမြတ် (ဗုဒ္ဓ) ဟာ၊ ဓမ္မ လိုခေါ်တဲ့  လောကမှာရှိ နေတဲ့ အမှန်တရား ကို အမှန်အတိုင်းမြင်နိုင်ကာ၊ ဒုက္ခခတ်သိမ်း မှလွတ်မြောက်၍ ငြိမ်းချမ်းမှု ကိုရစေသော ကျင့်ကြံတဲ့ တရားနည်းလမ်းကို တွေ့ ရှိခဲ့ပါတယ်၊ * ထိုနောက် လူနတ်၊ ဗြဟ္မာ အပေါင်းတို့ အတွက် အဖိုးမဖြတ်နိုင်တဲ့ တိုတရားကျင့်စဉ် နည်းလမ်း(ဓမ္မ) တရားရေအေး ကို၊ ရွှေခွက် တွေထဲတွင်ထဲ့ ၍ သတ္တ၀ါ အားလုံးအား၊ အယုတ်အလတ်-အမြတ်မရွှေး၊ အရာင်အသွေး မခွဲခြားပဲ အညီအမျ တိုက်ကျွှေးခဲ့ ပါတယ်။ * သို့ သော် အများစု သောပုဂ္ဂိုလ် သတ္တ၀ါ တို့ မှ ရွှေခွက် ကို သာ အထပ်ထပ် ရောင်တတ်အောင် ရွှေချ၍၊ ငါ့တို့ ရွှခွက်က သူ့ တို့ ဟာထက်ပိုလှတယ်၊ ပို တန်ခိုး ကြီးတယ်၊ ပို၍ မြတ်တယ်---စသဖြင့် (ဘာသာရေး ခေါင်းစဉ်တတ်၍) ပြိုင်ဆိုင်နေကြကာ--- ရွှေခွက်အတွင်းရှိ တရားကျင့်စဉ်ရေအေး (ဓမ္မ) ကို သောက်သုံးရန် မေလျော့  နေခဲ့ရင်းဖြင့် ဘ၀အချိန်တွေကို ကုန်ဆုံးခဲ့ကြပါတယ်။ * ဓမ္မ ကို ကျင့်စဉ် ကို ကျင့်သုံးရင် ဖြူစင်ခြင်း၊ အေးမြခြင်း၊ ငြိမ်းချမ်းခြင်းဆို တဲ့ အကျိုး ကိုခံစားရမှာဖြစ်ပါတယ်။ * ဒါပေမဲ့ ဓမ္မကျင့် စဉ်ကို မကျင့်ရင်တော့ဖြင့်ဗုဒ္ဓဘာသာ ပဲဖြစ်ဖြစ်၊ ဟိန္ဒြူ ပဲဖြစ်ဖြစ်၊ ခရစ်ရှန်ပဲဖြစ်ဖြစ်၊ ပါစရီပဲ ဖြစ်ဖြစ်၊ ဘ၀၏အေးချမ်းမှု ကိုမရနိုင်ပဲ သာကမီးတွေ နဲ့ အပူမီးတောက်လောင်နေရမှာဖြစ်ပါတယ်။ "ဆရာတော် ဦးဇောတိက ၏ ဆုံးမတရားတော်" *မြတ်စွာဘုရား က " ယဒါ တုမှေ ကာလာမ အတ္တနာဝ ဇေနေယျာထ" ... " ကာလာမတို့ သင်တို့  ကိုယ်တိုင် သိ တဲ့ အခါကျ လို့ " ဟောပါတယ်..၊ ကိုယ်တွေ့ မရှိ ဘဲဆရာလုပ်တဲ့ သူဟာ တပည့်တွေ လက်တွေ့ စမ်းမှာ ကို အားမပေးယုံမကဘူး..၊ ပိတ်ပင်တားဆီး မယ်..၊ တပည့်တွေက ကိုယ်တွေ့ နဲ့ ပြောလာရင် အဲဒီဆရာမှာ ပြောအား မရှိတော့ ဘူး..၊ ဒီလိုဆရာမျိုးဆီ မှာ ငယ်ငယ်တည်းက တပြည့်ခံမိရင် မှား ပြီ..၊ ကိုယ့် ကိုယ် ကို ယုံကြည်မှု မရှိအောင် သူက လုပ် တော့ မယ်...၊ သူပြောက မျှ မဝေဖန် မစဉ်း စားပဲ ယုံမှကြိုက် မယ်.။ * မြတ်စွာဘုရားဟာ ငါတို့ က လမ်း ကို ညွှန်ပြတဲ့သူ ပဲတဲ့ ..၊လိုက် ပို့ တဲ့သူမဟုတ်ဘူး... ဒီလမ်း က သွား ရတယ် လို့  ပြောပြလိုက် တာ ပဲ...၊ ကိုယ်က သွားချင်ရင် သွား နိုင် တယ်... မသွားချင်ရင် လည်း နေ နိုင်တယ်... ကိုယ့်သ ဘောပါပဲ။ *သူတပါး အား မကိုးပါ နဲ့ ... ကိုယ့် အားကို ကိုး ပါ..... မြတ်စွာဘုရား မှာ တဲ့ အ တိုင်း "အတ္တဒီပါ ၀ိဟရထ အတ္တသရဏာ အနညသရ ဏာ".. "သူတပါး အား မကိုးပါ နဲ့ ... ကိုယ့် အားကို ကိုး ပါ" .. လုပ် နိုင်ရင် ငြီးငြူရတဲ့ဘ၀က လွတ်ပြီ...၊ အား ငယ်ရ တဲ့ဘ၀က လွတ်ပြီ..၊ *ဗုဒ္ဓရဲ့ တရား ဟာ အားငယ်သူတို့ ရဲ့ ဘာ သာ တရား မဟုတ်ဘူး၊ စိတ်ဓါတ် အင် အား ကြီး သူတို့  ရဲ့ တရား ဖြစ် တယ်။ *မိရိုး ဖလာကိုး ကွယ်မှု နဲ့ ပုဂ္ဂိုလ် စွဲ ကြည် ညို မှု အားကြီး လာတဲ့ ခေတ်မှာ လက်တွေ့ စမ်းစစ် တဲ့ သူ နည်းလာတယ်...၊ ပုဂ္ဂိုလ် ခင်မှတရား မင် တယ် ဆို ပင်မဲ့...ပုဂ္ဂိုလ်ကို ခင်တာက များ ပြီး တရား ကို မင်တာ က နည်းနေ တယ်...၊ .. တရား ကိုစွဲလမ်း စေ ဖို့ တရား ဟောတာ မဟုတ်ဘူး...၊ လွတ်မြောက် စေ ဖို့ တရား ဟော တာ..၊ (ကုလ္လုပမံ ဘိက္ခဝေ ဓမ္မံ ဒေသိဿာမိ နိဿရနတ္ထာယ နောဂဟနတ္ထာ)...... *လက်တွေ့ စမ်း သပ်ရ မယ် ဆို တဲ့ အချက် ကို မြတ်စွာဘု ရား က အထူးမှာ တယ်..၊ ယုံတာ ကို ဦးစား မပေး ဘူး...၊ အနှစ်ချုပ်ရလျှင်လက်တွေ့ ဘ၀ ဓမ္မ နဲ့  ဘာသာရေး နဲ့ ခြားနားမှုများမှာ- ၁။ ဘာသာရေးဆိုရင် အများစုက- အုပ်စုဖွဲ့ ဘောင်ခတ်ပြစ်လိုက်တယ်၊ ငါ့ တို့ ဝါဒကို ယုံကြည်ကြ၊ ငါတို့  ၀ါဒကို ထောက်ခံကြ၊ ကိုး ကိုယ်ကွယ်ကြ၊ ဆုတွေ တောင်းကြ၊ --- အဲ့လို မဟုတ်ရင် ဒုက္ခရောက်မယ်၊ အပြစ်ပေးမယ်၊ ဒဏ်ခတ်မယ်။ ***(ဓမ္မ ဆိုရာဝယ်- အုပ်စု၊ အဖွဲ့ အစည်းတစ်ခုကို ကိုယ်စားမပြုပါ၊ သတ္တ၀ါအားလုံးနှင့် သက်ဆိုင်ပါသည်၊ ဓမ္မ ဆိုတာအကျင့် တရားဖြစ်တယ်၊ ကိုယ်တိုင်ကျင့် သုံး ကြည့် ပြီး မိမိကြိုက်တယ်၊ မိမိ အတွက် အကျိုးရှိ တယ် ထင်မှ ဆက်လက် ကျင့်သုံးပါ၊ မိမိ မနှစ်သက်ဖူး ၊ မကြိုက်ဖူး၊ မိမိ အတွက်အကျိုး မရှိဖူးထင်ရင် ထားခဲ့၊ ဘာမှ ပြစ်တင်တာ၊ ဒဏ်ခတ်တာမရှိဖူး။) ၂။ ဘာသာရေးကိုခေါင်းစဉ်တပ်လိုက်ရင် အများစုက -- ဘာမှပြန်လည်းဆွေးနွေး မေးမြန်းခြင်း၊ စူစမ်းခြင်း၊ လုပ် တာမကြိုက်၊ ပြောတဲ့ အတိုင်း မယုံရင်၊ လိုက်မလုပ်ရင် အာဏာဖီဆန်တယ် လို့  သတ်မှတ်ပြီး အပြစ်တင်မယ်၊ ယုတ်တိမရှိတဲ့ ကြိမ်စာ လို အယူမျိုးတွေ နဲ့  ခြိမ်းခြောက် မယ်၊ အပြစ်ပေးဖို့ ကြိုးစားမယ်။ ***(ဓမ္မ ဆိုတာက- လာပါ၊ ယူပါ၊ ကျင့်ကြံကြည့်ပါ၊ လွတ်လပ်စွာ၊အေးချမ်းစွာ၊ ဆွေးနွေးပါ၊ မေးမြန်းပါ၊ ပြီးမှ ကိုယ်တိုင်မှန်တယ်ထင်မှ ယုံပါ၊ မယုံလို့ ရှိရင်လဲ အပြစ်တင်ခြင်းမရှိပါ၊ ခြိမ်းခြောက်ခြင်းမပြုပါ။) ၃။ ဘာသာရေး ဆိုလာရင်အများစုက---တစ်လမ်းသွား၊ နှစ်ဖက်မြင်အားနည်းတယ်၊ လေ့လာသုံးသပ်ခွင့်၊ ကျင့်ကြံပြီး၊ မှန်မမှန် စူးစမ်းခွင့်ကို သဘာဝမကျ၊ မပွင့်လင်းတဲ့ အကြောက်တရား နဲ့ ဖုံးထားတယ်။ ***(ဓမ္မမှာက - နှစ်ဖက်အမြင် မျှတတယ်၊ အလယ်အလတ်လမ်းစဉ် ကို လိုက်တယ်၊ သဘာဝကျတယ်၊ လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ တစ်စုံ တစ်ခုကိုသော်၎င်း၊ အဖွဲ့ အစည်းတစ်ခုကိုသော်၎င်း၊ အကြောင်းမဲ့ စိုးရိမ် ကြောက်လန့် နေစရာမလိုဖူး။ အသိပညာ နည်းသူတွေ ကို မေတ္တာ ဖြင့် အသိပညာ များ အောင် သွန်သင် လေ့ကျင့် ပေးရာနေရာဖြစ်တယ်။) ၄။ ဘာသာရေးအများစုက သဘာဝ အမှန်တရားနဲ့ လက်တွေ့ မကျတဲ့ မိရိုးဖလာ အယူအဆတွေ၊ ရိုးရာဓလေ့တွေကို ရှေ့ တန်းတင် ထားလေ့ရှိတယ်၊ ကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း၊ ပူဇော်ခြင်း၊ ပသခြင်း စတောတွေနဲ့ မွန်းမံထားလေ့ ရှိတယ်။ ***(ဓမ္မ ဆိုတာက- လက်တွေ့ ကျခြင်း၊ ကျင့်ကြံခြင်း၊ ပွားများခြင်း၊ မှရရှိသိမြင်လာတဲ့ စစ်မှန်တဲ့ ပညာကို အခြေခံတယ်၊ ) ၅။ ဘာသာရေးဆိုလာရင် အများစုက အနှောင်အဖွဲ့ ၊ အကန့် အသတ်တွေ နဲ့ ပြည့်နေတယ်၊ မိမိ စိတ်ကို ငြိမ်းချမ်းမှု မရှိတဲ့ အချုပ်အနှောင်တွေ နဲ့ ပဲ မွေ့ လျော်နေရတယ် တစ်စုံတစ်ခုကို အားကိုးရှာနေရတယ်။ (ဓမ္မ ဆိုတာက- သံသရာ၊ အနှောင်အဖွဲ့ တို ရဲ့ လွတ်မြောက်ရာ၊ စစ်မှန်တဲ့ ငြိမ်းချမ်းမှု နဲ့ မွေ့ လျော်ရာဖြစ်တယ်၊ မိမိကိုယ်ကို အားကိုးယုံကြည်သူဖြစ်စေတယ်။) ၆။ဘာသာရေး ကို ခေါင်းစဉ်တပ် လိုက်ရင်ဖြင့်- အများ က လူအဓိက မထားတော့ ဖူး၊ အဖွဲ့  အစည်း အမည်နာမ ရဲ့ ခွဲခြားမှု အောက်မှာ လူလူခြင်း၊ ကောင်းတာလေးတွေ တူတာရှိ နေရင် တောင်မှ တစ်ဦး နဲ့  တစ် ဦး ဘယ်လို မှ မတူ နိုင်တော့ဘူး။ တစ်ဦးနဲ့တစ်ဦး အကောင်းမမြင်နိုင်တော့ဘူး၊ ကောင်းတာလေးတွေ တူနေရင် တောင် မှ အတူတူ အလုပ်မလုပ် နိုင်တော့ ဘူး။ (ဓမ္မ ကို လိုက်နာ ကျင့် ကြံတဲ့သူဟာ လူ ကို အဓိကထားတယ် (အဖွဲ့  အစည်း အမည်နာမ သတ်မှတ် ချက်ကို အဓိကမထားဘူး။) ၊ လူ့ လောကမှာ လူရယ်လို ရှင်သန်နေထိုင်ရာမှာ (common ground) ခေါ်တဲ့ ညီမျှစွာ၊ ကောင်းမွန်စွာ၊ အရောင်းအသွေး၊ ဇာတ် အနိမ့် အမြင့်၊ ဆင်းရဲ ချမ်းသာ စတဲ့ တူနိုင်တာကို မတူအောင်ခွဲ ခြားထားတဲ့ ဓမ္မကို ဆန့် ကျင်နေတဲ့ အဓမ္မ အယူအဆတွေ ကို ရှောင်ရှားနိုင်သော အသိရှိသူတွေ ဖြစ်ရ မယ်။) ရ။ ဘာသာရေးဆို ပြီး အုပ်စု ပြု ကြရင် အများစုက - ဂိုဏ်းဂဏ၊ ဂုဏ်ပကာဿန၊ အမိန့်  ၊ အာဏာ၊ စတဲ့ မရိုးသာတဲ့ အာကိုးတွေ၊ မရိုးသားတဲ့ ပြိုင်ဆိုင်မှုတွေ နဲ့ တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့  နဲ့  တစ်ဖွဲ့  ဦးရာလူ၊ နိုင်ရာနိုင်ရာ အပြစ်တင်၊ ကဲ့ရဲ့ ခြင်း၊ အာဏာပြခြင်း ဒုက္ခရောက်အောင် ကြံခြင်း စတာတွေ ပြုလာတတ်ကြတယ်။ (ဓမ္မ စစ်စစ် ရှိတဲ့ ကျင့် သုံးတဲ့ နေရာမှာ ဒီလိုမျိုးတွေ မရှိဘူး၊ အမတန်မှ မေတ္တာကြီးတယ်၊ အားလုံး အပေါ် မှာ တစ်ပြေးညီထဲ ဆက် ဆံတယ်၊ ရိုး သားတယ်၊ ပညာ-သတိ အားကြီးတယ်။ လောက မှာ ရှက်စရာ၊ ကြောက်စရာ ဖြစ်စေမဲ့ အလုပ်မျိုး တွေ ကို ဘယ်လိုနေရာ၊ ဘယ်လို အခြေအနေ မှာ ပဲ ဖြစ်ဖြစ် မကျူးလွန်ကြဘူး။) ဓမ္မ နှင့် ဘာသာရေး၏ လက်တွေ့ ဘ၀ ကွဲ ပြားနေမှု များရှိနေကြောင်း နှင့် -- ဘာသာရေး (religion) ကို ကိုးကွယ်မှာ လား၊၊ ဓမ္မ (Dhamma) ကို ကိုး ကွယ်မှာ လား --- သေချာ စဉ်းစား၍ ---- မိမိ တို့  ကြိုက်နှစ်သက်ရာ၊ အကျိုးရှိ မှန် ကန်မည် ဟု ထင်သာအရာ ကို ကိုယ် ပိုင်ဥာဏ် ဖြင့် သုံးသပ်လေ့လာ၍ ကျင့်ကြံ ဆုံးဖြတ်ရယူ နိုင် ကြပါစေ။ ၁။ သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော၊ "ဣဿာနှင့် မစ္ဆရိယ တရားတော်။ ၂။ ဆရာကြီးဦး ဂိုအင်ကာ ၏ "ဓမ္မ (သို့ မဟုတ်) ဘ၀တစ်လျောက်နေထိုင်သွားနည်းအတတ်ပညာ" ၃။ ဆရာတော်ဦး ဇောတိက ၏ တရားတော် များ မှ ကိုးကား၍ ကောက်နှုတ်မျှဝေပါသည်။ ) မူရင်းhttps://www.facebook.com/photo.php?fbid=497713416907349&set=p.497713416907349&type=1&theater

Wednesday, November 13, 2013

စာဖတ်ခြင်း အကျိုးများ

စာဖတ်ခြင်း အကျိုးများ 
****************
စာဖတ်ခြင်းက လူ့ဘဝကို အသိဉာဏ်ကြွယ်စေတဲ့ အနုပညာတစ်မျိုးဖြစ်တယ်။ စာအုပ်မရှိတဲ့ဘဝက အဆံချောင်တဲ့ဝါးပင်လိုပဲ။
စာဖတ်ခြင်းက ခန္ဓာကိုယ်ပေါ်က ပျော့ညံ့၊ ကြမ်းတမ်းတာတွေကို လျော့နည်းစေတယ်။ ယောက်ျားတစ်ယောက်ကပြောတယ် "အိမ်ထောင်ပြုပြီးတဲ့
အမျိုးသမီးတစ်ယောက်ဟာ စာဖတ်မှပဲ မကြမ်းတမ်း၊ မဒုံးဝေး၊ မသိမ်ငယ်တတ်မှာ"တဲ့။ ဟုတ်ပါတယ်.. စာပေနဲ့ဝေးရင် လူဟာတဖြေးဖြေး ကြမ်းတမ်းရိုင်းစိုင်းလာတတ်ပါတယ်။
မိန်းမပျိုငယ်လေးတိုင်းလိုလိုက စိတ်ကူးယဉ်ဆန်တတ်ကြတယ်၊ ဘဝရဲ့အချုပ်အနှောင်၊ အခက်အခဲကို သူတို့ တကယ်မခံစားရသေးဘူး။
သူတို့ကြုံရတဲ့အခက်အခဲတချို့ဆိုတာ စာဖွဲ့လို့မရသေးဘူး၊ သူတို့ရဲ့စိတ်ကူးအိပ်မက်ကလည်း နွေဦးရွက်ကြွေကို ပူဆွေးတဲ့အိပ်မက်လေးတွေ၊
အိမ်ထောင်ပြုပြီးတဲ့မိန်းကလေးမှာ စိတ်ကူးယဉ်ဆန်မှုတွေ၊ စိတ်ကူးအိပ်မက်တွေ လျော့နည်းသွားတယ်။ မိသားစုဝေယျဝစ္စအတွက် သူတို့ရဲ့အချိန်တော်တော်များများကို
စတေးလိုက်ရတယ်။ မိန်းကလေးတချို့က အလုပ်တွေများရင်းကနေ ကိုယ့်ကိုယ်ကိုမေ့လျော့လာခဲ့ကြတယ်၊ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့စိတ်ဝိညာဉ်ကို ဂရုစိုက်ထိန်းသိမ်းဖို့ ပိုလို့မေ့လျော့သွားခဲ့ကြတယ်။

စာအုပ်ကိုချစ်တဲ့ မိန်းကလေးတွေက သူတို့ဟာ အားလပ်ချိန်မှာ သူတို့ကိုယ်သူတို့ ပဲ့ပြင်တယ်၊ ပြုစုပျိုးထောင်တယ်။ စာအုပ်ကိုချစ်သလို သီချင်းတွေကိုလည်း သူတို့ချစ်တယ်။ အားလပ်ချိန်မှာ သံစဉ်တွေနဲ့ သူတို့ရဲ့စိတ်နှလုံးကို သာယာစေတယ်။ ပျော်ရွှင်စေတယ်။
ရာစုသစ်တစ်ခုမှာ ရှင်သန်နေတဲ့ငါတို့က စာအုပ်ကိုချစ်သင့်တယ်။ စာအုပ်ကို ချစ်တယ်၊ ဖတ်တယ်၊ စုဆောင်းတယ်။ စာအုပ်တွေနဲ့ ဖက်လှဲတကင်းနေထိုင်၊ ပေါင်းသင်းတဲ့အချိန်ဟာ ဘဝကိုခံစားသက်ဝင်ရ အပျော်ဆုံးအချိန်ဖြစ်တယ်။
စာဖတ်တဲ့လူဟာ ကောင်းကင်ပေါ်က ကြယ်ကလေးတွေဖြစ်တယ်။ လရောင်ကြောင့်လင်းလက်တဲ့ကောင်းကင်ကို ပိုတောက်ပစေတယ်။ သန်မာကြံ့ခိုင်တဲ့စိတ်ဓာတ်၊ မိမိကိုယ်ကိုယ်ယုံကြည်တဲ့ ခေတ်လူငယ်တစ်ဦးဖြစ်ချင်ရင် စာဖတ်ခြင်းက အကောင်းဆုံးရွေးချယ်ရာလမ်းဖြစ်တယ်။
စာအုပ်က လူတွေကို ရိုင်းစိုင်းကြမ်းတမ်းခြင်းနဲ့ ဝေးကွာစေတယ်၊ သိမ်ငယ် အားငယ်ခြင်းကို ဖယ်ရှားပေးတယ်။ မိန်းကလေးတစ်ယောက်ကို ချစ်ခင်နှစ်လိုစွဲမက်စေတယ်။ စာဖတ်တဲ့သူဟာ စာအုပ်ရနံ့နဲ့ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင် လုပ်တယ်။
သူဟာတိမ်တစ်ပွင့်လို ဖြူစင်နိုင်တယ်၊ ရေနွေးကြမ်းတစ်ခွက်လို မွှေးပျံ့နိုင်တယ်၊ ကန်ရေပြင်လို အေးဆေးတည်ငြိမ်နိုင်တယ်၊ ညနေဆည်းဆာလို အရောင်အသွေးစုံနိုင်တယ်။
စာဖတ်တဲ့လူက အမှားအမှန်ကို ခွဲခြားသိနိုင်တယ်၊ ဖြားယောင်းသွေးဆောင်တာကို လျစ်လျူရှုနိုင်တယ်။ စာဖတ်တယ်.. စာအုပ်ထဲက လတ်ဆတ်ရိုးရှင်းတဲ့စကားလုံးတွေက
သင့်ရဲ့ဖုန်အလိတ်လိတ်တက်နေတဲ့ စိတ်ဓာတ်၊ ညိုးငယ်စိတ်၊ အားငယ်စိတ်၊ ကြမ်းတမ်းခက်ထန်မှုကို ဆေးကြောပစ်နိုင်တယ်။ ငယ်ရွယ်နုပျိုခြင်းက တိုတောင်းတယ်၊ ရုပ်ရည်က အိုလွယ်တယ်။ စာအုပ်ရနံ့ကသာ သင့်အပါး အမြဲမွှေးပျံ့နိုင်မှာဖြစ်တယ်။
ဒီထဲက လိုအပ်တာလေးတွေကိုပဲ ကောက်နုတ်ဘာသာပြန်ပါတယ်

http://www.duwenzhang.com/wenzhang/shenghuosuibi/20120701/231535.html

နိုင်းနိုင်းစနေ

နောင်အသစ်ထုတ်ဝေမည့် ငွေစက္ကူများ၌ဗိုလ်ချုပ်အောင်ဆန်းပုံကို ပြန်လည်ရိုက်နှိပ် ထုတ်ဝေမည်

နောင်အသစ်ထုတ်ဝေမည့် ငွေစက္ကူများ၌ဗိုလ်ချုပ်အောင်ဆန်းပုံကို
ပြန်လည်ရိုက်နှိပ် ထုတ်ဝေမည်
*************************************
နောင်မှာ အသစ်ရိုက်နှိပ်ထုတ်ဝေတော့မယ့် ငွေစက္ကူတွေမှာ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေနဲ့
ပြန်ပြီး ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒု ဥက္ကဌ ဖြစ်သူ
ဒေါ်ခင်စောဝေက လွှတ်တော်မှာ တရားဝင် ပြောကြားလိုက်ပါတယ်။
သင်္ကန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ရဲ့
မေးခွန်းကို အခုလို ပြန်လည် ဖြေကြားသွားတာ ဖြစ်ပါတယ်။


(ကို ဘုန်းဆွေ)
Kyaw Swar Myint

"We are the men"

"We are the men"
**************
ဦးဘုန်း ► တစ်ချိန်တုန်းက အမေရိကန်နိုင်ငံမှာ လူမည်းတွေရဲ့အိပ်မက် တစ်ခုရှိတယ်။ ကြွေးကြော်သံတစ်ခုရှိတယ်။ We are the men တဲ့။ မနက် မနက်ဆိုရင် ဈေးထဲမှာ နွားတွေ၊ ဆိတ်တွေ ရောင်းသလိုပဲ လူမည်းတွေက လန်ကွတ်တီနဲ့ ထိုင်နေရတယ်။ ဈေးလာဝယ်တဲ့ လူဖြူတွေက သူတို့အိမ် အတွက် ကျေးကျွန်လာဝယ်တာ။ ကျေးကျွန်ဝယ်ရင် နွားဝယ်သလိုပဲ။ ငုတ်တုတ်ထိုင်နေတဲ့ ကျေးကျွန်ကို သစ်သားတူနဲ့ ဒူးခေါင်းကို ခေါက်ကြည့် တယ်။ ပြီးရင် သွားဖြဲကြည့်တယ်။ အဓိပ္ပာယ်က ဒီလို၊ သွားဖြဲကြည့်လို့ သွားကောင်းရင် အစားကောင်းကောင်းစားမယ်။ အစားကောင်းကောင်း စားရင် ခွန်အားရှိမယ်။ ခွန်အားရှိရင် ခိုင်းကောင်းမယ်။ ဒါပဲ။ ဒူးခေါင်းကို ခေါက်ကြည့်တာ ဒီကောင် ဒူးချောင်သလား မချောင်ဘူးလား။ ဆိုလိုတာက များများခိုင်းလို့ရမလားပေါ့။ လူမည်းတွေက မနက်ဆိုရင် ငုတ်တုတ်လေးထိုင်ပြီး လာသမျှ လူဖြူတွေကို ကြည့်နေရတာ။ သို့သော် ထူးဆန်းတာက နေမြင့်လာလေလေ၊ ဒူးခေါင်းကို အခေါက်ခံရတဲ့ အကြိမ်အရေအတွက်က များလေလေ ဖြစ်လာတယ်။ ဒူးခေါင်းလေး နည်းနည်းတွန့်သွားတာနဲ့ အဲဒီကောင် အိမ်ရောက်ရင် အသတ်ခံရပြီ။ လူမည်းတစ်ယောက်ဟာ သွားကျိုးလိုက်တာနဲ့ အသတ်ခံရပြီ။ အဲဒီခေတ်ကြီးကို အမေရိကန်မှာ လူမည်းတွေက ဖြတ်သန်းခဲ့ရတာ။
ဆိုပါစို့။ လူဖြူတွေရဲ့ အိမ်တစ်အိမ်မှာပေါ့။ လူမည်းတွေကို မိသားစု လိုက်ထားထားတယ်။ အစဉ်အဆက် ကလေးတွေ မွေးထားတယ်။ သူတို့ သွားမကျိုးအောင် နေကြရတယ်။ သို့သော် သွားမကျိုးဘဲ ဒူးအခေါက်ခံ ရတဲ့အချိန်မှာ တစ်ချက်ကလေးတွန့်သွားတာနဲ့ အိမ်ရောက်ရင် အသတ်ခံ ရတယ်။ ကျင်းကြီးရှေ့မှာ လက်ပြန်ကြိုး တုပ်ထားပြီး မတ်တတ်ရပ်နေရတာ။ ဟိုဘက်တစ်ဖက်ကလည်း သေနတ်နဲ့ ပစ်သတ်တော့မှာ။ ဆိုပါစို့။ အဲဒီအိမ်မှာရှိတဲ့ လူမည်းအဖေက အသက်ကြီးပြီ။ ကလေးတွေဟာ သူ့အဖေ ရောင်းတဲ့အထဲမှာ ပါသွားရင် ၀မ်းနည်းရပြီ။ သူ့အဖေပြန် လာရင် ပျော်တယ်။ ဒါပေမဲ့ ပြန်လာတဲ့အခါမှာ သူ့အဖေက မျက်နှာပျက်နေ ပြီ။ အဓိပ္ပာယ်က ဒူးခေါင်းကို တူနဲ့ခေါက်တဲ့အချိန်တုန်းက နေမြင့်တော့ လူများလာပြီး မျက်နှာက တွန့်သွားမယ်။ တစ်ကြိမ်မဟုတ် သုံးလေးကြိမ် တွန့်သွားမယ်။ ဒီကျွန်က ဈေးကောင်းမရတော့ဘူး။ တစ်ဖက်ထိပ်မှာ ထားပြီး သေနတ်နဲ့ပစ်သတ်တာပဲ။ အဲဒီအချိန်မှာ ထရံပေါက် က ချောင်းကြည့်နေတဲ့ သားသမီးတွေ၊ ပြတင်းပေါက်က ကြည့်နေတဲ့ မိန်းမတွေ အားလုံးရဲ့ပါးစပ်ကနေ တိုးတိုးလေးရေရွတ်တဲ့စကားသံ တစ်ခုရှိတယ်။ We are the men. ငါတို့က လူတွေ၊ ဟေ့ကောင် လူဖြူ၊ မင်းလည်း လူ၊ ငါလည်းလူပဲ။ အဲဒါ သူတို့ရဲ့အိပ်မက်နော်။ ရည်မှန်းချက်။ သူတို့ရဲ့အိပ်မက်တွေက ဒီကနေ့ အကောင်အထည်ဖော်နိုင်တယ်လေ။ သူတို့က လူဆိုတာ သေချာသွားပြီ။ သမ္မတတောင် ဖြစ်နေပြီ။
အိပ်မက်တွေ၊ အနာဂတ်တွေကို အကောင်အထည်ဖော်ဖို့ဆိုတာက ဇွတ်တွန်းပြီး ကြိုးစားဖို့လိုသလို နောက်မဆုတ်တဲ့ စိတ်လည်း လိုအပ်တယ်။ Political ပိုင်းက သတ်မှတ်တဲ့ဘောင်တွေ၊ မူတွေက သက်သက်၊ ရည်မှန်းချက်ကြီးမားတဲ့ ဆန္ဒအဟုန်ကလည်း ပါဝင်ဖို့လိုအပ်တယ်။ We are the men ဆိုတဲ့ အဟုန်ကြီး ကြီးလာတဲ့အခါမှာ အမေရိကန်နိုင်ငံကို တို့အခုမြင်နေရတဲ့ နိုင်ငံ Structure ကြီးက သူ့ အလိုလို ဖြစ်သွားတာ။ ဒါကြောင့် လူငယ်တွေကို ပြောချင်တာက သူတို့နိုင်ငံမှာတောင် အခက်ခဲဆုံးဟာကြီးကို လွတ်မြောက်အောင် ကြိုးစားနိုင်သေးရင် တို့လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေလည်း တစ်ချိန်ချိန် မှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှုရှိစေချင်တယ်။
Eternal Light Magazine
November 2013
Cover Story
The Future for Youth
လူငယ်တွေအတွက်အနာဂတ် စကားဝိုင်း
မောင်သာချို၊ ကောင်းသန့်၊ ဦးဘုန်း(ဓာတု)

Wednesday, October 23, 2013

မင်းလှတွင် ပုဂံအမြန်ရထားတိုက် တစ်ဦးသေ

ပဲခူးတိုင်ဒေသကြီး မင်းလှမြို့နယ် အမှတ်(၇)ရပ်ကွက် နတ်ကျရွာသစ်နေ ကိုစန်းမောင် အသက်(၄၀)နှစ်သည် အောက်တိုဘာ ၂၀ရက် နံနက် ၁၀ နာရီခန့်တွင် ပုဂံ အထူးအမြန်ရထားတိုက်မိ၍ သေဆုံးသွားကြောင်း သိရပါသည်။ ကိုစန်းမောင်သည် စိတ်ရောဂါရှိသူတစ်ဦးဖြစ်ပြီး ရထားလမ်းပေါ်၌ နေ့စဉ်လျှောက်သွားနေသူ တစ်ဦးဖြစ်သည်။ အောက်တိုဘာ  ၂၀ ရက်တွင် မြို့နှင့် နှစ်မိုင်ခန့်ဝေးသော မင်းလှမြို့မြောက်ဘက် ညောင်ဝင်းရွာဘက်သို့ ရောက်သွားသည်။ ရွာနှင့် ရထားလမ်းမှာ အလှမ်းဝေးသဖြင့် ကူညီမည့်သူမရှိဖြစ်ကာ ရထားကြိတ်မိပြီး သေဆုံးခဲ့သည်။ သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဒေသခံများ အကြောင်းကြားသဖြင့် အလောင်းအားသယ်ပြီး သေမှုသေခင်းအရ အမှုဖွင့်ဆောင်ရွက်လျက် ထားကြောင်း ပြောပြသည်။

KM24102013
Pyay City