Wednesday, October 23, 2013

မင်းလှတွင် ပုဂံအမြန်ရထားတိုက် တစ်ဦးသေ

ပဲခူးတိုင်ဒေသကြီး မင်းလှမြို့နယ် အမှတ်(၇)ရပ်ကွက် နတ်ကျရွာသစ်နေ ကိုစန်းမောင် အသက်(၄၀)နှစ်သည် အောက်တိုဘာ ၂၀ရက် နံနက် ၁၀ နာရီခန့်တွင် ပုဂံ အထူးအမြန်ရထားတိုက်မိ၍ သေဆုံးသွားကြောင်း သိရပါသည်။ ကိုစန်းမောင်သည် စိတ်ရောဂါရှိသူတစ်ဦးဖြစ်ပြီး ရထားလမ်းပေါ်၌ နေ့စဉ်လျှောက်သွားနေသူ တစ်ဦးဖြစ်သည်။ အောက်တိုဘာ  ၂၀ ရက်တွင် မြို့နှင့် နှစ်မိုင်ခန့်ဝေးသော မင်းလှမြို့မြောက်ဘက် ညောင်ဝင်းရွာဘက်သို့ ရောက်သွားသည်။ ရွာနှင့် ရထားလမ်းမှာ အလှမ်းဝေးသဖြင့် ကူညီမည့်သူမရှိဖြစ်ကာ ရထားကြိတ်မိပြီး သေဆုံးခဲ့သည်။ သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဒေသခံများ အကြောင်းကြားသဖြင့် အလောင်းအားသယ်ပြီး သေမှုသေခင်းအရ အမှုဖွင့်ဆောင်ရွက်လျက် ထားကြောင်း ပြောပြသည်။

KM24102013
Pyay City

Thursday, October 17, 2013

မန္တလေး ဘူတာကြီး၃၁လမ်း၃၂လမ်းကြာ၇၈လမ်း လမ်းဘေးစားသင်ဝိုင်လေး

မန္တလေး ဘူတာကြီး၃၁လမ်း၃၂လမ်းကြာ၇၈လမ်း လမ်းဘေးစားသင်ဝိုင်လေး
******************************************************
မန္တလေး ဘူတာကြီး၃၁လမ်း၃၂လမ်းကြာ၇၈လမ်း လမ်းဘေးစားသင်ဝိုင်လေးအာကူညီး လိုသောမိတ်ဆွေမျာအနေဖြင့်*မနှင်ဆီဖုန်နံပတ်၄၀၁၅၆၃၁၂၇သို့ဆက်သွယ်လှူးဒါန်းနိုင်ပါကြောင်အသိပေးလိုက်ပါသည်။စာသင်ချိန်တနင်္လာကနေသောကြာနေ့ပါ အချိန်ကတော့ည၇နာရီးဆိုစပါတယ်နော် စာသင်တဲ့နေရာမှာလည်းလာလှူးလို့ရပါတယ်။

အဆိုတော် စန္ဒီ " ၁၅၀၀ " အတွက် ၀မ်းနည်းကြေကွဲခြင်း

အဆိုတော် စန္ဒီ " ၁၅၀၀ " အတွက် ၀မ်းနည်းကြေကွဲခြင်း
****************************************
အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ
ကွယ်လွန်သွားခဲ့ပါတယ်။ အဆိုတော် စန္ဒီ " ၁၅၀၀" ရဲ့ မိသားစုဝင်များနှင့်အတူ M Plaza Shopping Journal နှင့်တကွ ပရိသတ်များပါ ၀မ်းနည်းကြေကွဲမိပါတယ်။


ယာဉ်ထိန်းရဲ နှင့် ခရီးသည်တင်ယာဉ်မောင်း အပြန်အလှန်သတ်ပုတ်

ယာဉ်ထိန်းရဲ နှင့် ခရီးသည်တင်ယာဉ်မောင်း အပြန်အလှန်သတ်ပုတ်

************************************************
ယနေ့ နံနက် ၉နာရီခန့် အချိန်တွင် သင်္ဃန်းကျွန်း စံပြဈေးမီပွင့်တွင် ယာဉ်ထိန်းရဲ နှင့် ၃၉ ဝါဆိုဦးခရီးသည်တင် ယာဉ်မောင်းတို့ အပြန်အလှန် သတ်ပုတ်ဖြစ်ပွားကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် People Power သတင်းထောက်ကြည်ပြာက သတင်းပေးပို့သည်။
ဖြစ်ပွားပုံမှာ အဆိုပါခရီးသည်တင်ယာဉ်သည် တောင်ဒဂုံမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာရာ စံပြဈေးမီးပွိုင့်အရောက် မီးဝါဖြတ်မောင်းစဉ် ယာဉ်ထိန်းရဲမှတားဆီးရာ ယာဉ်မောင်းကရှေ့တွင်ရပ်တန့်မည်ဟု လက်ပြပြောဆိုပြီး ဆက်မောင်းခဲ့ကြောင်း၊ ထို့နောက် ယာဉ်ရပ်တန့်စဉ်

 http://www.myanmardailynews.org/2013/10/bus.html#.Ul-EN1MSY6E

ပျူမြို့ဟောင်း ၃ ခု ယူနက်စကိုအဖွဲ့ လာရောက်စစ်ဆေးတော့မည်


ပျူမြို့ဟောင်း ၃ ခု ယူနက်စကိုအဖွဲ့ လာရောက်စစ်ဆေးတော့မည်
Wednesday, 16 October 2013
ဗိဿနိုး၊ ဟန်လင်းနဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးခုကို UNESCO ကုလသမဂ္ဂ ယဉ်ကျေုးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုဖို့ အဲဒီကော်မတီက လာမယ့် ၂၄ရက်နေ့မှာ မြို့ဟောင်းတွေကို လာရောက်
စစ်ဆေးမယ်လို့ သိရပါတယ်။
လာမယ့် ၂၀၁၄ ခုနှစ် ဇွန်လမှာ UNESCO က အတည်ပြုမှာဖြစ်တယ်လို့ ပျူမြို့ဟောင်း ၃ မြို့ မူကြမ်းပြုစုရေးကော်မတီ ဥက္ကဌ နဲ့ ရှေးဟောင်း
သုတေသနပညာရှင် ဦးစန်းဝင်းက ပြောပါတယ်။
“၁၉၉၆ ဝန်းကျင်မှာ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းတဲ့အခါကျတော့ ပုဂံရဲ့အခြေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားတာပေါ့နော်၊ ၂ဝဝ၉ ခုနှစ်မှာ ပြန်လည်ပြီးတော့ ကမ္ဘာ့
ယဉ်ကျေးမှု အမွေအနှစ် ဗဟိုကော်မတီကို မြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပေးဖို့ ကျနော်တို့က ထပ်မံပြီးတော့ အဆိုပြုလိုက်တာ၊ ကျနော်တို့ စစ်ဆေးတွေ့ရှိချက်တွေကို နောင်နှစ်ဇွန်လလောက်မှာ ကျင်းပမယ့်
ညီလာခံမှာ မြန်မာနိုင်ငံက ဒီမြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အတည်ပြုကြောင်း သူတို့သတ်မှတ်ချက် ထုတ်ပေးမှာဖြစ်ပါတယ်”
အဲဒီ မြို့ဟောင်း ၃ ခုကတော့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က ဗိဿနိုး၊ စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ်က ဟန်လင်းမြို့ဟောင်း၊ ပဲခူးတိုင်း ပြည်မြို့နယ်က သရေခေတ္တရာမြို့ဟောင်းတို့ ဖြစ်ပါတယ်။

Tuesday, October 15, 2013

မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၁၄၀ ချေးရန် သဘောတူ လက်မှတ်ထိုး


မွန်ပြည်နယ် သထုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရန် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးရန် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန် ကြေညာသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးတွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ချေးငွေများကို သထုံမြို့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ သက်တမ်းလွန် သဘာဝဓာတ်ငွေ့ တာဘိုင်များအသစ် အစားထိုးခြင်းတွင် အသုံးပြုမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr.Kanthan Shankar က ပြောကြားသည်။

မြန်မာနိုင်ငံအတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ရန်အတွက် အတိုးမဲ့ချေးငွေ ရခြင်းသည် ကောင်းမွန်ပြီး အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်များက ထိရောက်စွာ အကောင်အထည် ဖော်သင့်ကြောင်း စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ပြောကြားသည်။
“ဒီဘက်က အကောင်အထည်ဖော်တဲ့ အပိုင်းမှာ ထိထိရောက်ရောက် ဖြစ်အောင် လုပ်ရမယ်” ဟု ၎င်းကဆိုသည်။

သဘာဝဓာတ်ငွေ့ တာဘိုင်များ လဲလှယ်ပြီးပါက လျှပ်စစ်ဓာတ်အား ၂၅၀ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်မည် ဖြစ်ပြီး လက်ရှိအခြေအနေအရ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသားများမှာ လျှပ်စစ်ဓာတ်အား ရရှိမှုအနည်းဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း မကွေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်း အတိုးမဲ့ချေးမည် ဖြစ်ကြောင်း စက်တင်ဘာလက သတင်းထုတ်ပြန်ထားသည်။

Ref : The Voice Weekly

“ ဗုံးပေါက်စဉ်နဲ့ဗုံးပေါက်ပြီး အသက်အန္တရာယ်ကာကွယ်ရေးအတွက် ပြုလုပ်ရန်လမ်းညွှန်ချက် ၁၄-ချက် ”

“ ဗုံးပေါက်စဉ်နဲ့ဗုံးပေါက်ပြီး အသက်အန္တရာယ်ကာကွယ်ရေးအတွက် ပြုလုပ်ရန်လမ်းညွှန်ချက် ၁၄-ချက် ”
••••••••••••••••••••••••••••••••••••••••••••••••••••••••••
(၁) စိတ်ကို(တက်နိုင်သမျှ)တည်ငြိမ်စွာရှိနေပါ။ သင်သာလျှင် သင့်ရဲ့ကယ်တင်ရှင်ဖြစ်သည်။
(၂) သင်သည် ဗုံးပေါက်ကွဲသည့် အဆောက်အအုံအတွင်းတွင်သော်
လည်းကောင်း၊ အထက်မှအရာဝတ္ထုများ ကျနေသည့်အခြေအနေ
နှင့်သော်လည်းကောင်း ကြုံတွေ့နေပါက တောင့်တင်းခိုင်မာသောစားပွဲ၊
အရာဝတ္ထုတို့အောက်တွင် အသံငြိမ်သွားသည်အထိဝပ်နေပါ။
အနည်းဆုံးအသံငြိမ်ပြီး တစ်မိနစ်ခန့်နေမှထွက်လာပါ။

(၃) ပေါက်ကွဲလွင့်စင်နိုင်သောအရာဝတ္ထုများ၊ မှန်တံခါးများ၊
ပြတင်းပေါက်များ၊ ဗီဒိုများ၊ လျှပ်စစ်ပစ္စည်းများ စသည်တို့နှင့်
တတ်နိုင်သလောက်ဝေးဝေးနေပါ။
(၄) တာဝန်ကျ အရာရှိများ၊ လုံခြုံရေးအုာရှိများ ၏ညွှန်ကြားချက်ကို
သေချာစွာလိုက်နာပါ။ အခင်းဖြစ်ပွားရာနေရာမှ အမြန်ဆုံးထွက်ခွာ
ပါဟုပြောလျှင် ချက်ချင်းထွက်ခွာပါ။
(၅) အကူအညီလိုအပ်နေသော မသန်စွမ်းသူများကိုလည်း တတ်နိုင်
သလောက်ကူညီပါ။
(၆) ချက်ချင်းကျရောက်လာနိုင်သောအန္တရာယ် (အဆောက်အအုံ
ပြိုကျခြင်း၊ မီးကူးစက်လောင်ကျွမ်းခြင်း) အခြေအနေများမှအပ
ပြင်းထန်စွာဒဏ်ရာရနေသူများကို မရွှေ့ပြောင်းပဲ ကယ်ဆယ်ရေး
ဝန်ထမ်းများ၏အကူအညီကို ချက်ချင်းရယူပါ။
(၇) ဂက်စ်များ၊ ဓါတုပစ္စည်းများ သိုလှောင်ရာနေရာများ၊ ပေါက်ကွဲ
စေနိုင်သော အရာများနှင့်နီးစပ်သောနေရာများ၊ မီးဖိုချောင်များသို့
သွားရောက်ခြင်းကိုရှောင်ကြဉ်ပါ။
(၈) သင်သည် အဆောက်အအုံ အပြင်သို့လွတ်မြောက်လာပါက
တတ်နိုင်သမျှ အခင်းဖြစ်ရာ နေရာမှ လွှတ်မြောက်ရာရှောင်နေပါ။
(၉) Lifts (ဓါတ်လှေခါးများ)၊ Elevators (ရွေ့လျား စက်လှေခါးများ)
အသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။
(၁၀) အသေခံဗုံးခွဲမှုနှင့်ကြုံပါက မြေကြီးပေါ်တွင်ဝပ်နေပါ။ ဖြစ်စဉ်
တိုင်းတွင် အသေခံဗုံးခွဲသူသည် (Flower Bouquet Pattern) နည်း
ကိုသာ သုံးလေ့ရှိသဖြင့် ဗုံးစများသည် မြေမျက်နှာပြင်မှ အမြင့် ၂ ပေ
၆ လက်မထက်မြင့်သော နေရာများကို ပိုမို ထိခိုက်စေပါသည်။
ထို့ကြောင့် သင်သည် မတ်တပ်ရပ်နေပါက သင်၏ ရင်ခေါင်း
အထက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရစေနိုင်ပါသည် (လူအုပ်ကြားထဲတွင်တော့
ဝပ်မနေပါနှင့်)
(၁၁) ဗုံးပေါက်စဉ်အခြေအနေတွင် သင်၏ ပါးစပ်နဲ့အသက်ရှုခြင်းကို
မြန်မြန်ပြုလုပ်ပေးပါ။ အဘယ့်ကြောင့်ဆိုသော် ဗုံးအစအနများ၊ လွင့်စင်
လာသောအရာများကြောင့် အသက်မဆုံးရှုံးနိုင်ပဲ၊ သင်၏ ခပ်ပြင်းပြင်း
ရှုသွင်းထားသော လေကြောင့် သင်၏လေဝနေသော ဘောလုံးပုံ
အဆုတ်မှာ အသံထက်မြန်သော ဗုံးပေါက်ကွဲမှု လေဖိအားကြောင့်
အဆုတ်ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် ထိုအချိန်တွင် အသက်
ပြင်းပြင်းရှုပြီး အောင့်ထားခြင်းကိုရှောင်ကြဉ်ပါ။ အသေခံဗုံးခွဲမှုမျိုးတွင်
၆ ရာခိုင်နှုန်းသာလျင် ဗုံးအစအနများကြောင့် သေဆုံးခြင်းဖြစ်ပြီး
၉၄ ရာနှုန်းမှာ အထက်ပါ အတိုင်း အဆုတ်ပျက်စီးခြင်းကြောင့်ဟု
ဖော်ပြထားပါသည်။
(၁၂) သင်သည်ဝပ်နေစဉ်အတွင်းအနည်းငယ်စောင်း၍ လက်မောင်းဖြင့်
မျက်လုံးကို အုပ်ပြီး ပတ်ဝန်းကျင်အခြေအနေကိုလေ့လာပါ။
(၁၃) အကယ်၍ သင်သည်ဗုံးပေါက်ကွဲတောာ့မည်ဟု သိရှိလျင် မြေပြင်
ထက်နိမ့သော နေရာများ၊ ကတုတ်ကျင်းများ၊ မြောင်းများကိုရှာ၍ သော်
လည်းကောင်း၊ အမာခံအရာဝတ္ထုများကို အကာအကွယ်ယူ၍သော်
လည်းကောင်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါသည်။
ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
-မေတ္တာဖြင့်
KTS
Source ►
www.facebook.com/youngbuddhistassociation.mm

ရန်ကုန်မြို့ Traders ဟိုတယ် ကိုးလွှာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား.

ရန်ကုန်မြို့ Traders ဟိုတယ် ကိုးလွှာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား.
အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ခွဲခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တည်းခိုနေသူ အမေရိကန် နိုင်ငံခြားသား မိသားစုမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။
ဒဏ်ရာရရှိသူ မစ္စစ် Piaiorst (အသက် ၄၃ နှစ်) သည် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ည ၁၁ နာရီမိနစ် ၄၀ တွင် ရောက်ရှိလာပြီး ၀ဲပေါင်၊ ၀ဲတင်ပါး၊ ယာလက်ဖျံ၊ ၀ဲနောက်ကျော စုတ်ပြဲဒဏ်ရာများ ရရှိသွားကြောင်း၊ လက်ရှိတွင် စိုးရိမ်စရာ မရှိကြောင်း ရန်ကုန်ဆေးရုံကြီး မှုခင်းတာဝန်ရှိသူ တစ်ဦးက ည ၁၂ နာရီခန့်တွင် ပြောကြားသည်။
လက်ရှိတွင် ဗုံးပေါက်ကွဲမှု ကောလာဟလ သတင်းများ လျင်မြန်စွာ ပြန့်နှံ့နေသည့် အတွက် အလျင်အမြန် သတင်းထုတ်ပြန်ပေးပါရန် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးတို့ကို သတင်းထောက်များက အောက်တိုဘာ ၁၅ ရက် ၀၀း၄၅ အချိန်တွင် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။ ည ၁၂ နာရီခွဲ ခန့်တွင် တပ်မတော် အင်ဂျင်နီယာတပ်ရင်း ဗုံးရှင်းလင်းရေး တပ်ဖွဲ့မှ အနံ့ခံ ဗုံးရှာဖွေရေး ခွေးများဖြင့် Traders တစ်ဝိုက်တွင် ဆက်လက် ရှာဖွေနေကြောင်း သိရသည်။
အမှတ် ၉၀၅ တပ်မတော် အင်ဂျင်နီယာတပ်မှ တပ်မတော်သား တစ်ဦးက ''လက်ရှိအချိန်အထိ နောက်ထပ်ဗုံးတွေ မတွေ့ရပါဘူး။ ဆက်လက် ဆောင်ရွက်နေပါတယ်'' ဟု အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီတွင် ဖြေကြားသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခန်းတွင် ဒဏ်ရာရရှိသူ အမျိုးသမီးနှင့်အတူ ၎င်း၏ခင်ပွန်းနှင့် ကလေးနှစ်ဦးသည် အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက စတင်တည်းခို နေထိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တရားခံ ဖမ်းဆီးရမိရေး အတွက် Traders ဟိုတယ်တွင် တည်းခိုသူ ဧည့်သည်များ၏ အချက်အလက်များနှင့် ဟိုတယ် အ၀င်အထွက် မှတ်တမ်းများကို CCTV ကင်မရာမှတစ်ဆင့် စစ်ဆေးလျက်ရှိသည်။

ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (ပြည်ရုံးခွဲ) မှ အသင်းသားများမှ စုပေါင်းပြီး ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်းတွင် IT နည်းပညာဟောပြောပွဲကျင်းပ


ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်းတွင် IT နည်းပညာဟောပြောပွဲကျင်းပ
15.10.2013 နေ့လည် 1 နာရီမှ 3 နာရီတွင် IT နှင့်ပတ်သက်သော နည်းပညာအကြောင်းနှင့် အခြားအထွေထွေအကြောင်းများကို ကလေးများအား ဗဟုသုတရစေလိုသော ဆနဖြင့် ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (ပြည်ရုံးခွဲ) မှ အသင်းသားများမှ စုပေါင်းပြီး ဟောပြောဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားကို အောက်ပါအစီစဉ်အတိုင်း ကျင်းပခဲ့ကြပါသည်။
1. အခန်းအနား အစီစဉ်စတင်ကြောင်း ကြေငြာခြင်း
2. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဒု ဥက္ကဌ ဦးကျော်မိုးခိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း
3. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဦးညီညီနိုင်မှ ကွန်ပျူတာအခြေခံအကြောင်းပြောကြားခြင်း
4. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဦးကိုကိုဝင်းမှ Internet အသုံးပြုရခြင်း၏ အကြောင်းရင်းပြောကြားခြင်း
5. ကွန်ပျူတာပညာရှင်များအသင်းမှ ဦးကိုကိုခိုင်မှ လူငယ်များအကြောင်းပြောကြားခြင်း
6. ကွန်ပျူတာပညာရှင်များအသင်းမှ ဒု ဥက္ကဌ ဦးရဲမြင့်အောင်မှ ကွန်ပျူတာသိကောင်းစရာများပြောကြားခြင်း
7. ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ ဒေါ်ငြိမ်းငြိမ်းထိုက်နှင့် ဒေါ်လွင်ဦးခိုင်တို့မှ လူငယ်နှင့်ဘ၀အောင်မြင်ရေးအကြောင်းပြောကြားခြင်း
8. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဒုဥက္ကဌ ဦးကျော်မိုးခိုင်မှ ယဉ်ကျေးမှုနှင့် စာရိတ္တအကြောင်းပြောကြားခြင်း
9. 15.10.2013 တွင် ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်းတွင် IT နည်းပညာဟောပြောပွဲ အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်း

စသည့်အစီစဉ်များဖြင့် အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။


Sunday, October 6, 2013

ဆရာ အော်ပီကျယ်က ကမ္ဘာကြီးအတွက် သစ်ပင်စိုက်မယ်ဆိုရင် “အိမ်မက် သေးသေးလေးပဲ အရင်မက်ကြပါ” လို့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်



အထင်ကရ ကာတွန်းဆရာလည်းဖြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်သူလည်း ဖြစ်တဲ့ ဆရာ အော်ပီကျယ်က ကမ္ဘာကြီးအတွက် သစ်ပင်စိုက်မယ်ဆိုရင်  “အိမ်မက် သေးသေးလေးပဲ အရင်မက်ကြပါ” လို့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့  မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်မှာ ကျင်းပတဲ့  ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်ဟောပြောပွဲ နဲ့  သီချင်းဆိုပြိုင်ပွဲကို တက်ရောက်စဉ်မှာ အဲဒီလို ပြောကြားလိုက်တာပါ။

သူက အိပ်မက် သေးသေးလေး မက်တဲ့ လူငယ်တယောက်အကြောင်း ပြောပြပါတယ်။

“သရက်သီးစေ့လေးတစ်စေ့ စားပြီးတိုင်း ကျောင်းဝန်ခြံဝန်းတွေမှာသွားပြီး စိုက်တတ်တဲ့ အသက် ၂၀ အရွယ် ကောင်လေးတယောက်ရှိတယ်။
သူက စားပြီးတိုင်း သရက်စေ့ကို ၅ရက်လောက် နေ ပြတယ်။ ပြီးရင် တူရွင်းကိုင်ပြီး နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းတွေမှာ ညနေ ၃ နာရီလောက် သွားစိုက်တယ်။ မနက်ပိုင်းစိုက်ရင် မနက်နေရောင်ကြောင့် အမြစ်တွယ်ရာမှာ အခက်အခဲဖြစ်မှာစိုးလို့ တဲ့။
 ပြီးရင် အပင်ကို ဝါးခြမ်းနဲ့ခတ်တယ်။
ပြီးရင် ကျောင်းက ကျောင်းထိုင်ကိုပဲဖြစ်ဖြစ် မုန့်ဖိုးထဲက ငွေ နှစ်ထောင်၊ သုံးထောင်လောက် လှုခဲ့တယ်။
ဒီအပင်လေးကို ရေလောင်းပေးပါ။ ခတ်ထားတဲ့ ဝါးကပ်လေး ယိုင်သွားရင် ပြန်တည့်ပေးပါ။ ဒီလောက်ပါပဲ ။ အခုခေတ်မှာ စိုက်နေတဲ့ အပင် တသောင်း၊ ပြီးရင် ပြန်ပြီး ဘယ်သူမှ လှည့်မကြည့်တော့ဘူး၊ တသောင်းက တပင်ရှင်ဖို့ မလွယ်ဘူးလေ။ ဒီကောင်လေးရဲ့ အိမ်မက်ကတော့ သေးသေးလေးပါ။
 အဲ့လို အိမ်မက်သေးသေးလေးတွေပဲ ထားစေချင်ပါတယ်” လို့ ဆရာ အော်ပီကျယ်က ပြောပါတယ်။ 

 “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် အားလုံးက စိတ်ပါလက်ပါ မရှိကြသေးဘူး။ စိတ်ပါစိတ်ပါ ပဲ ဖြစ်နေကြသေးတယ်။
စိတ်ထဲတော့ရှိကြတယ် လက်ကမပါနိုင်ဘူး။ ကျွန်တော်ပြောချင်တာက အိမ်မက် သေးသေးလေးပဲ အရင်မက်ကြပါ” လို့ ဆရာအော်ပီကျယ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာဟောပြောပွဲမှာ ဆက်ပြောပါတယ်။

 သဘာဝပတ်ဝန်းကျင် တေးသီချင်း အဆိုပြိုင်ပွဲကိုလည်း ပူးတွဲ ကျင်းပရာမှာ  တေးရေး စောဂျိုးဂျို ရေးသားပြီး
 တေးသံရှင် စောဖိုးခွားက သီဆိုထားတဲ့ 'လူရယ်သစ်ပင်ရယ် သဘာဝရယ်' သီချင်းကို အဖွဲ့ ၇ ဖွဲ့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

 ပွဲကျင်းပရတဲ့ရည်ရွယ်ချက်ကတော့  ....

ခရစ်ယာန်ယုံကြည်ချက် အရ ကမ္ဘာမိုးမြေကို ဘုရားသခင်က ဖန်ဆင်းထားတဲ့အတွက်ကြောင့် ဘုရားဖန်ဆင်းထားတဲ့ ရေမြေတောတောင်တွေကို စောင့်ရှောက်ထိန်းသိမ်းဖို့ ခရစ်ယာန်တွေကို ပညာပေးဖို့ ဒီပွဲ ကျင်းပတာဖြစ်တယ်။
ပြီးတော့   ဒုတိယရည်ရွယ်ချက်က ကောင်းတဲ့ ခရစ်ယာန်ဟာ နိုင်ငံသားကောင်းဖြစ်ရမယ်။
နိုင်ငံသားကောင်းဆိုတာ နိုင်ငံမှာရှိတဲ့ သယံဇာတတွေကို ထိန်းသိမ်းရမယ်။ အဲ့ဒီအသိတရားကို ခရစ်ယာန်တွေကို  ပညာပေးချင်တဲ့ ဒီလိုရည်ရွယ်ချက်၂ခုနဲ့လုပ်တာပါလို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ ဒေါက်တာစောစေးခူက ပြောပါတယ်။

 “ဒီလို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပွဲလုပ်တာ ဒီတကြိမ်က ပထမဆုံးပါပဲ။ အနည်းဆုံးတော့ တနှစ်ကို တကြိမ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကဇွန်လ ၅ ရက်နေ့ဆိုတော့ နှစ်စဉ် ဇွန်လမှာ ဒီလိုပွဲလေးတွေကျင်းပပြီး အသိပညာပေးနိုင်အောင်ကြိုးစားမှာပါ” လို့
ဒေါက်တာစောစေးခူက ရှင်းပြပါတယ်။

ဒီပွဲကို ပဲခူးသာသနာနယ်ရဲ့ ဌာနတခုဖြစ်တဲ့ ခရစ်ယာန် လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးရေးဌာနက ကြီးမှုးပြီး ကျင်းပါတာပါ။

ပဲခူးသာသနာနယ် မြန်မာနှစ်ခြင်း ခရစ်ယာန် အသင်းတော်များအဖွဲ့ဟာ အဖွဲ့ဝင်အသင်းတော် ၅၈ သင်းနဲ့ ဖွဲ့စည်းထားပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့  ဒေသ အသီးသီးမှာ  တည်ရှိတယ်လို့ သိရပါတယ်။ 




ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်က စည်းကမ်းဖောက်ဖျက်တဲ့ လိုင်စင်ရ အမဲသားပေါ်တဲ့ရုံ ၃ ရုံကို ယာယီပိတ်သိမ်းအရေးယူထားကြောင်း ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူးက အင်္ဂါနေ့မှာ ပြော

အရေးယူခံရတဲ့ သားသတ်ရုံတခု (ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ)


ကန်ကြီးထောင့်မြို့ပေါ်က မြို့မ ဒါးက နဲ့ ကျုံတန်း သားသတ်ရုံတွေကို မြို့ခံလူထုပါဝင်တဲ့ စောင့်ကြည့်လေ့လာသတင်းပေးအဖွဲ့များနဲ့ တာဝန်ရှိသူတွေ ၀ိုင်းဝန်း ဖမ်းဆီးရာမှာ သတ်မှတ်ကောင်ရေထက် ပိုမိုသတ်ဖြတ်ထားတာ တွေ့ရှိပေါ်ပေါက်ခဲ့ပါတယ်။

 ဒါကြောင့် အဲဒီသားသတ်ရုံ ၃ ရုံကို လိုင်စင်ယာယီပိတ်သိမ်းပြီး ဒဏ်ငွေ ငါးသောင်းကျပ် ချမှတ် အရေးယူခဲ့တယ်လို့ ကန်ကြီးထောင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က ဧရာဝတီကိုပြောပါတယ်။

 “လိုင်စင်သမားတွေကို သတ်မှတ်ကောင်ရေထက်ပိုမသတ်ဖို့ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော မြို့မိမြို့ဖတွေရော ခေါ်ပြီး သတိပေးတယ်။ သူတို့က မရဘူး။ ဆက်လုပ်နေတာပဲ။ အဲဒါနဲ့ ဖမ်းပစ်လိုက်တယ်။ ပထမ အကြိမ်ဆိုတော့ ဒဏ်ငွေ ငါးသောင်း ရိုက်လိုက်တယ်။ နောက်တကြိမ်ဆို ဒဏ်ငွေ ငါးသိန်း ရိုက်မယ်”

 ကန်ကြီးထောင့်မြို့နယ်မှာ အမဲသတ်လိုင်စင် ၈ ခု ရှိပြီး သတ်မှတ်ချက်အရ အများဆုံး ၁ နေ့ကို အမဲ ၁ ကောင်ပဲ ပေါ်ခွင့်ရှိပေမယ့် လိုင်စင်သမားတွေဟာ တနေ့ကို ၁၀ ကောင်ကနေ အကောင် ၂၀ အထိ ပေါ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

 “သူတို့က ဒီအမဲသားတွေကို ဒါးကမှာရှိတဲ့ အမဲစည်သွပ်စက်ရုံကို ပို့တာဗျ။ နွားတွေကို ညပိုင်းမှာ သတ်တယ်။ မိုးလင်းခါနီးဆိုရင် ဆိုင်ကယ်တွေ ထော်လာဂျီတွေနဲ့ ဒါးကကို ပို့တာ။ မြို့ခံလူထုက ဒီလောက်နွားကောင်ရေ အများကြီးသတ်ထားတဲ့ အမဲသားတွေကို ကုန်အောင် ဘယ်လိုလုပ် ၀ယ်စားနိုင်မတုန်း။ ၀ယ်မစားလည်း စည်သွပ်စက်ရုံက အမဲသားတွေ ယူနေတော့ သူတို့က ဂရုမစိုက်ပါဘူး။ ဒါးကနားက အမဲလိုင်စင်တွေအကုန်လုံး စည်သွပ်စက်ရုံကို အမဲသား မပို့တဲ့လိုင်စင်သမား မရှိပါဘူး”လို့ ကန်ကြီးထောင့် မြို့ခံတဦးက ပြောပါတယ်။

 စည်ပင်လိုင်စင်စည်းကမ်းအရ ဒေသခံလူထုတွေ အသားစားနိုင်ဖို့အတွက် ရောင်းချပေးရမှာ ဖြစ်ပေမယ့် ဒါကိုအဓိကမထားဘဲ ဒါးကအမဲစည်သွပ်စက်ရုံအတွက် လိုအပ်တဲ့အမဲသားတွေကို တရားမ၀င် ပေးပို့နေတာဖြစ်တယ်လို့ ကန်ကြီးထောင့်ဒေသခံတွေက ပြောပါတယ်။

 “စည်သွပ်စက်ရုံကို အသားပို့ရတော့ နွားကောင်ရေတွေပိုသတ်ရတယ်။ အဲတော့ သားသတ်သမားတွေက ကျနော်တို့ဒေသက ခိုင်းနွားတွေကို မတန်တဆဈေးတွေပေးဝယ်။ လယ်သမားက ငွေလိုတော့ရောင်း။ အဲဒါနဲ့ ဒီဒေသမှာနွားတွေ တဖြည်းဖြည်း ရှားလာနေပြီ။ နောက်ပြီး အရိုးတွေကို မြစ်ထဲချောင်းထဲမှာ ပီနံအိတ်နဲ့ထုပ်ပြီး ပစ်ချထားတော့ မြစ်ရေ၊ ချောင်းရေတွေက အနံ့တွေစွဲလာပြီး ရေထဲကဖားငါးတောင် အမဲညှီနံ့စွဲလာတာတွေ ဖြစ်နေတယ်”လို့ ကန်ကြီးထောင့်မြို့နယ် အရှေ့ကွင်းယားကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

 လက်ရှိဖမ်းဆီးအရေးယူထားတဲ့ မြို့မလိုင်စင်နဲ့ ဒါးကအမဲသတ်လိုင်စင်ဟာ ဈေးအကြီးဆုံး လေလံလိုင်စင်တွေ ဖြစ်ပါတယ်။ ဒါးကလိုင်စင်ဟာ ကျပ် ၄၀၆ သိန်းကျော်တန်ကြေးရှိပြီး မြို့မလိုင်စင်ဟာ ၂၅၇ သိန်းကျော် တန်ကြေးရှိပါတယ်။

 စည်းကမ်းဖောက်တဲ့အမဲလိုင်စင်သမားတွေကို နောက်တကြိမ်ထပ်မံကျူးလွန်ရင် လိုင်စင် ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတိပေးပြီး ခံဝန် လက်မှတ်တွေ ရေးထိုးခိုင်းခဲ့ကြောင်း သိရပါတယ်။

 ဆလိုင်း သန့်စင်

 




.

အွန်လိုင်းကို လွှမ်းမိုးထားသူတွေကတော့ အသစ်စက်စက် Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်တို့ရဲ့ တက္ကသိုလ် များ ချံပီယံလိဂ် ဘောလုံးပွဲ ဖွင့်ပွဲအကြောင်းပါ

အွန်လိုင်းကို လွှမ်းမိုးထားသူတွေကတော့ အသစ်စက်စက် Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်တို့ရဲ့ တက္ကသိုလ် များ ချံပီယံလိဂ် ဘောလုံးပွဲ ဖွင့်ပွဲအကြောင်းပါ
****************************************************************************
မနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ သူဋ္ဌေးကြီး ဦးတေဇရဲ့ ရန်ကုန် ယူနိုက်တက် အသင်းပိုင် ဘောလုံးကွင်းမှာ Universities Chiampion League ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ 

အဲဒီဘောလုံးပွဲ ဖွင့်ပွဲမှာ အသစ်စက်စက် Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်ကို ခေါ်
ဆောင်လာမှာ ဖြစ် တယ်လို့ Universities Chiampion League က သူတို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကြိုတင်အသိပေးထားပါတယ်။ 

“2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားကြီးကို နံနက်ဖြန် အဖွင့် ပွဲစဉ် အခမ်းအနားတွင် ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးမည်ဖြစ်........” လို့ Universities Chiampion League က အောက်တိုဘာလ ၄ ရက်နေ့က ဆိုထားတာပါ။ 

နှစ် ၅၀ ကျော်မှ ပြန်လည် ဆန်းသစ်လာတဲ့ Miss Universe Myanmar အတွက် စပွန်ဆာကိုလည်း သူဋ္ဌေးကြီး ဦးတေဇက တာဝန်ယူခဲ့တာဆိုတော့ မိုးစက်ဝိုင်လည်း ဘောလုံး ကွင်း ဖွင့်ပွဲ ရောက်လာပါရော။ 

မနေ့က ညနေမှာတော့ မိုးစက်ဝိုင်ကို ဘောလုံးကွင်းအတွင်း ပြိုင်ကားလေးနဲ့ ဆုဖလားကို ကွင်းတပတ် သယ်ဆောင်ပြီး ဖွင့် ပွဲ အခမ်းအနားကို စတင်လိုက်ပါတယ်။ ဖွင့်ပွဲမှာလည်း ဖိုးလပြည့်နဲ့ အတူ အစိုးရ ၀န်ကြီး၊ တာဝန်ရှိသူတွေကို မြင်တွေ့ကြရတာပါ။ 

ဖိုးလပြည့်ဟာ လူမြင်ကွင်းကို တစတစ နေရာယူ ပြလာတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကတော့ အွန်လိုင်း မှာ ဆူညံနေတာ ပါဘဲ။ 

တချို့ကလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ အာဏာ အခုထိ ကိုင်တွယ်ထားတယ်ဆိုတာ ပြသတယ်လို့ ပြောလို ပြော၊ စသဖြင့်ပေါ့။ 

သူဋ္ဌေးကြီး ဦးတေဇရဲ့ ဘောလုံးကွင်း၊ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး၊ အသစ်စက်စက် Miss Universe Myanmar 2013 မိုးစက်ဝိုင်၊ အစိုးရ အကြီးအကဲတချို့ ဒါတွေကို ဆက်စပ်စဉ်းစား ဝေဖန်သံတွေက မြင့်မားလာနေတာ အမှန်ပါဘဲ။ 

မနှစ်ကလည်း ဖိုးလပြည့် စီးနင်းလိုက်ပါမယ့် လေယာဉ်ထွက်ဖို့ သူမရောက်လာသေးလို့ နောက်ကျခဲ့တဲ့ဖြစ် ရပ်လေး နဲ့ အတူ နေပြည်တော် လေဆိပ်ကို လေယာဉ်ဆင်းသက်လာတဲ့အခါ လေတပ်အရာရှိက လာကြို ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ 


ရှယ်ရီ Shoe & Fashion (၀န်ထန်းခေါ်ယူခြင်း)

ရှယ်ရီ Shoe & Fashion (၀န်ထန်းခေါ်ယူခြင်း)
အောက်ပါ အမျိုးသမီး ၀န်ထန်း (3) အလိုရှိသည်။
1. အပြောအဆို ပြေပြစ်ရမည်။
2. ရုပ်ရည် အသင့်အတင့် ရှိရမည်။
3. 10 တန်း အနည်းဆုံးဖြစ်ပြီး ဘွဲ့ရ ဦးစားပေးမည်။

ဆက်သွယ်ရန် - အခန်း (5) ပန်းချယ်ရီတိုက်၊ မီးရထားဘူတာရုံအနီး၊ ဗိုလ်ချုပ်လမ်း၊ ပြည်မြို့။ Ph - 09-452335133

Friday, October 4, 2013

ပြည်မြို့ န၀ဒေး တံတားအောက် လူသတ်မှုနဲ့ ပတ်သက်ပြီး ခလရ (၇၅)မှ တပ်မတော်သား သုံးဦးနဲ့ မသက်ဆိုင်ကြောင်း ရှင်းလင်း ပွဲ

ပြည်မြို့ န၀ဒေး တံတားအောက် လူသတ်မှုနဲ့ ပတ်သက်ပြီး ခလရ (၇၅)မှ တပ်မတော်သား သုံးဦးနဲ့ မသက်ဆိုင်ကြောင်း ရှင်းလင်း ပွဲ တရပ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှာ ပြုလုပ်ခဲ့ပါတယ်။
တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ၀င်းဘိုရှိန်နဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး မြင့်အောင်တို့က ဦးဆောင်ရှင်းလင်းတာ ဖြစ် ပြီး ပဲခူးတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်း၊ ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူးများ၊ ပြည်ခရိုင် ရဲတပ်ဖွဲ့ နဲ့ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စသုံးလုံး) ၊ မြို့မိမြို့ဖများ နှင့် အသတ်ခံရသည့် ကိုဇော်မင်း ဦးနှင့် အကြမ်းဖက်ခံရသူ မအိဇင်မိုး ရဲ့ မိဘဆွေမျိုးများ တက်ရောက်တယ်လို့ သိရပါတယ်။
ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီးမြင့်အောင်က စွပ်စွဲခံရတဲ့ ခလရ (၇၅)က ရဲဘော် သုံးဦးဟာ ညနေတန်းစီချိန် တပ်ထဲမှာ ရှိကြောင်း၊ နောက်ပိုင်း ဘီယာသောက်ရင်း ငွေ ကျပ်၂သောင်းချေးကာ တပ်အပြင် ခိုးထွက်သွားချိန်မှာ အခုလို စွပ်စွဲ ဖမ်းဆီး ခံရ တာ ဖြစ်တယ် ဆိုတာ သက်သေများနဲ့ တင်ပြနိုင်ကြောင်း ရှင်းလင်း ပြောကြားတယ်လို့ ဆိုပါတယ်။ ဒေသ ကွက်ကဲမှု စစ်ဌာနချုပ် ကို မေးမြန်းဖို့ ဖုန်းနဲ့ ဆက်သွယ်ရာ ဆက်သွယ်လို့ မရခဲ့ပါ။
ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ မအိဇင်မိုး ရဲ့ ဖခင် ဦးမြင့်ကို ကတော့“သူတို့စစ်သား ၃ ဦး သတ်တာ မဟုတ်ဘူးဆိုတာ ရှင်းပြတာပါ၊ အပြင်လူ မဖိတ်ဘူး၊ သူ့တို့ ပြောသမျှ ခေါင်းညိတ်မယ့်သူတွေပဲ ဖိတ်တာ၊ အသတ်ခံရပြီး ၆ လကျော်မှ ရှင်းတာဆိုတော့ လုပ်ဇာတ် မှန်း သိသာတာပေါ့ဗျာ”လို့ ပြောပါတယ်။
အသတ်ခံရသူ ကိုဇော်မင်းဦး ရဲ့ အစ်မ မသီတာဦးက အမှုမှန်ပေါ်ပေါက်ရေး၊ တရားခံအမြန်ဆုံး ဖမ်းဆီးရေး တောင်းဆိုပေမယ့် တရားခံပေါ်ပေါက်ရေးဟာ ပြည်သူ့ရဲတွေ အလုပ်လုပ်တဲ့ အပေါ်မှာပဲ မူတည်ပါတယ်လို့ စစ်အရာရှိကြီးများဘက်က တုံ့ပြန် ပြောဆို တယ်လို့ သိရပါတယ်။
“ဗိုလ်ချုပ်က ပြောတယ် သူ့လူတွေကို အပြစ်မရှိဘဲနဲ့ ပေးမစစ်နိုင်ဘူး၊ CIDက ခိုင်လုံတဲ့ အထောက်အထားပြမှ စစ်ခွင့်ပေးနိုင်မယ်၊ သူ့လူတွေအတွက် သူ့အလုပ် ရာထူးနဲ့လဲပြီး ကာကွယ်ရမယ်၊ အခုလည်း တပ်စည်းကမ်းပျက်မှုနဲ့ သုံးလစီ အမိန့်ချပြီးပြီလို့ ပြော တယ်”လို့ ဦးမြင့်ကိုက ဆက်ပြီး ပြောပါတယ်။
ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ အမှုကို ကိုင်တွယ်ဆောင်ရွက်နေရတယ် ဆိုပေမယ့် တပ်မတော်သား ၃ ဦးကိုတော့ စစ်ဆေးခွင့် မရသေး ဘူးလို့ မှုခင်းရဲတပ်ဖွဲ့(CID) တာဝန်ရှိသူတွေကလည်း ပြန်လည် ရှင်းလင်းပြောကြားတယ်လို့ သိရပါတယ်။
န၀ဒေး တံတားအောက် လူသတ်မှုဖြစ်ပွားခဲ့တာဟာ ၆ လပြည့်ပြီဖြစ်ပေမယ့် တရားခံ မပေါ်ပေါက်သေးပါဘူး၊ ဒါကြောင့်လည်း ပြီးခဲ့ တဲ့ ရက်ပိုင်းက လူသတ်မှု အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ပြည်မြို့မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ပူးပေါင်းတောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းက“ဥပဒေ အထက်မှာ တော့ ဘယ်သူမှ မရှိစေချင်ဘူး၊ တရားခံ မပေါ်သရွေ့ကတော့ သံသယ ရှိဆဲပဲလို့ ယူဆရမှာပဲ”လို့ ဆိုပါတယ်။
မကြာသေးခင်က ပြည်မြို့ လမ်းမတော်လမ်း နာရီဆိုင် လူသတ်မှုမှာလည်း တရားခံမပေါ်သေး သကဲ့သို့ န၀ဒေး တံတားအောက် လူသတ်မှုမှာလည်း မပေါ်သေးကြောင်း၊ မြို့လုံခြုံရေး တရားဥပဒေ စိုးမိုးရေးအတွက် အမြန်ဆုံးဖော်ထုတ်ဖို့လည်း တာဝန်ရှိ သူတွေ ကိုတောင်းဆိုခဲ့ပါတယ်လို့ ဦးကျော်ကျော်လင်းက ပြောဆိုပါတယ်။
အမှုမှန်ပေါ်ပေါက်ရေး လိုက်ပါဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ သံလွင်ခက် လူထုအခြေပြု အဖွဲ့ ကိုမင်းမင်းကတော့ ယခုရှင်းလင်းပွဲမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ တပ်မတော်မှ ထိုသို့ ၀င်ရောက်ဆောင်ရွက်ခြင်းသည် အမှုမှန်ပေါ်ပေါက်ရေး အတွက် အဟန့်အတားဖြစ်စေကြောင်း မှတ်ချက်ချပါတယ်။
အခုနှစ် ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) တွင် သမီးရည်းစား ဘာသာဘာဝ ချိန်းတွေ့နေသည့် ကိုဇော်မင်းဦးနှင့် မအိဇင်မိုး တို့ စုံတွဲကို လူ ၃ ဦးက ပစ္စည်းယူ လူသတ်မှု ၌ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာတွင် တပ်မတော်သားများ ဖြစ်နေခဲ့ခြင်း ဖြစ်ပါတယ်။
အခင်းဖြစ်ပွားတဲ့ အချိန်မှာပဲ အနီးအနားမှာ ခလရ (၇၅)က စစ်သားနှစ်ဦး ဖြစ်တဲ့ ရဲကိုဦးနဲ့ သန်းထိုက်အောင်ကို ဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး ကျန်တဦးဖြစ်တဲ့ သန်းဝင်းအောင် ကတော့ တပ်ထဲမှာပဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သရေခေတ္တရာ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ နှင့် သရုပ်ဆောင် ခန့်စည်သူ နှင့် အနုပညာရှင် များစွာပါဝင်သော မေတ္တာသင်္ဂဟအဖွဲ့တို့ပူးပေါင်းကျင်းပ

ကျေးဇူးပြုပြီး ပြည်သူပြည်သားများ သေချာဖတ်ပေးပါ ရှယ်ပေးကြပါလို့ ပြည်သတင်းမှ မေတ္တာရပ်ခံအပ်ပါသည်
သရေခေတ္တရာ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ နှင့် သရုပ်ဆောင် ခန့်စည်သူ နှင့် အနုပညာရှင် များစွာပါဝင်သော မေတ္တာသင်္ဂဟအဖွဲ့တို့ပူးပေါင်းကျင်းပမည့်
သရေခေတ္တရာ နှင့် ပျူရှေးဟောင်းမြို့တော်များ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်လာရေး စည်းရုံးလှုံ့ဆော်ပွဲ ကျင်းပပါမည်။
၁၂/၁၀/၂၀၁၃ စနနေေ့ နံနက် ( ၉ ) နာရီ။ အ'ထ'က(၁) ပြည်။ သိရီရတနာခန်းမ။ အနုပညာရှင်များ အမှတ်တရလက်မှတ်ရေးထိုးပြီး တီရှပ်တစ်ထည်သုံးထောင် ကျပ်ဖြင့် အားပေးနိုင် ပါမည်။ မင်းသားမင်းသမီးများနှင့်တွဲ၍ အမှတ်တရဓါတ်ပုံရိုက်နိုင်ပါမည်။ အားလုံးလာရောက် အားပေးကြဖို့ ဖိတ်ခေါ်ပါသည်။
ပြည်သတင်းမှ ထပ်လောင်း တင်ပြ တိုက်တွန်း ပါရစေခင်ဗျာ။
(သရေခေတ္တရာ နှင့် ပျူရှေးဟောင်းမြို့တော်များ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်လာရေး) သေချာစဉ်းစားကြည့်ပါ ခင်ဗျာ အရမ်းအရေးကြီးပါတယ်။ ပြည်မြို့၏ စီးပွားရေး၊ လူမှုရေး၊ တိုးတက်ဖွံ့ဖြိုးရေးတွေ အများကြီးပြောင်းလည်း သွားမှာပါ။
ကမ္ဘာ့ယဉ်ကျေးမှု အမွှေအနှစ်စားရင်းဝင်ဖြစ်လာရေး တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်ကြပါစေ။
Sriksetra Heritage Trust - Thayakhittaya Pyay
https://www.facebook.com/pyaynews

“သံတွဲတွင်မူဆလင်ကုလားများထံမှ လက်လုပ်ဗုံးများ ဖမ်းဆီးရမိ”

“သံတွဲတွင်မူဆလင်ကုလားများထံမှ လက်လုပ်ဗုံးများ ဖမ်းဆီးရမိ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
3.10.2013 ရက်နေ့တုန်းက သံတွဲမြို့နယ်၊ ရွှေလှေရွာမှာ လက်လုပ်ဗုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ရွှေလှေရွာ (စာသင်ကျောင်းရှေ့) မှ ကိုတင်နောင် (ဘ) ဦးရာကွတ်+မနီ(ခ)မခင်မေသန်း(ဘ) ဦးဟူစိန်ထွန်း တို့၏ နေအိမ်မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး Sprite ပုလင်းထဲတွင်-ဆန်နှင့် တစ်လက်မသံများ ပုလင်းဝက်ထိ ထည့်ထားပြီး ဓာတ်ဆီများဖြည့်ထားကာ စနက်တံတပ်ထားကြောင်း အားလုံး ဂျပ်ဖာနှစ်ဖာ အပြည့်ဖြစ်ကြောင်း သိရပါတယ်။
လင်မယားနှစ်ယောက်လုံးကို ဖမ်းဆီးထားပြီလို့ သိရပါတယ်။ ၄င်းတို့ဟာ ကမန်/အစ္စလာမ်များဖြစ်ကြောင်း သိရပါတယ်။ သံတွဲမြို့တွင် မှတ်ပုံတင်ပွဲစားများ ကျေးဇူးကြောင့် ၁၉၉၀ ခုနှစ်တွင် ကမန်လူဦးရေ ၂၅၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၀၀၀၀၀(တစ်သိန်း) အထိ တိုးပွားလာခဲ့ကြောင်း၊ ဘင်္ဂလီများကို ခိုးသွင်းပြီး ကမန်လုပ်ပေးရာမှ မူလကမန်တိုင်းရင်းသားများပါ ထိခိုက်နစ်နာခဲ့ရကြောင်း သိရှိရပါတယ်။
________________________________-
Wira Thu ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

ပြိုင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရ

ပြိုင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရ
05-10-2013
ကုန်သည်ကြီးများ ဟိုတယ်အနီး မီးပွိုင့်တွင် ပြိုင်ကားတစ်စီးနှင့် ဘီဘီခွေးဘီလူး အမျိုးစားယာဉ် တစ်စီးတို့ အရှိန်ပြင်းထန်စွာ တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသ နေရကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက် ၄ နာရီ ခွဲခန့်တွင် ဗိုလ်ချုပ်လမ်းမှ လာသော မာဇဒါပြိုင်ကား အမျိုးအစားနှင့် အလံပြ ဘုရားလမ်းမှလာသော ဘီဘီခွေးဘီလူး အမျိုးအစား ယာဉ်တစ်စီးတို့မှာ ကုန်သည်ကြီးများ ဟိုတယ်ထောင့်ရှိ မီးပွိုင့်တွင် ယာဉ်တိုက် တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ကားနှစ်စီးပေါ်ရှိ လူခုနစ်ဦးတို့မှာ ခေါင်းကွဲခြင်း၊ လက်ကျိုး၊ ခြေကျိုးသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် လူသေဆုံးမှု မရှိကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
''စဖြစ်တဲ့ အချိန်က နံနက်အစောပိုင်း ဆိုတော့ ဖြစ်စဉ်အစအဆုံးကို မျက်မြင်ကိုယ်တွေ့ ရှိတဲ့သူ မရှိပါဘူး။ ကျွန်တော်လည်း ''အုန်း''ဆိုပြီး အသံကျယ်ကြီးကြားတော့ ထွက်ကြည့်တဲ့အခါ အခုလိုပဲ မြင်တွေ့ရတာပါ'' ဟု အနီးရှိ တိုက်တစ်ခု၏ လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။
ယင်းသို့ အရှိန်ပြင်းစွာ တိုက်မိမှုကြောင့် လူလေးယောက် စီးနင်းလာသော ဘီဘီခွေးဘီလူး အမျိုးအစားယာဉ်မှာ အနီးရှိ ဓာတ်တိုင်ကို တိုက်မိပြီး ပက်လက်လန်ကာ ကားတစ်စီးလုံး ကြေမွသွားခဲ့ကြောင်း သိရသည်။
အလားတူ လူသုံးယောက် စီးနင်းလာသော မာဇဒါပြိုင်ကား အမျိုးအစားမှာလည်း အင်ဂျင်ဘယ်ဘက်အခြမ်း ပျက်စီးသွားကာ ဘက်အခြမ်းရှိ ကားတာယာမှာ ဆာကူရာတာဝါဘက်သို့ ကျွတ်ထွက်သွားခဲ့ပြီး ယာဉ်မှာ ကုန်သည်ကြီးများ ဟိုတယ်ရှေ့တွင် ရပ်သွားခဲ့ကြောင်း သိရသည်။
''ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူ ခုနစ်ဦးက ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိပေမယ့် လူသေဆုံးမှုတွေတော့ မရှိပါဘူး။ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်းနှစ်ဦး စလုံးကို အမှုဖွင့် စစ်ဆေးနေပါတယ်'' ဟု အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းတွင် ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးကThe Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
ယင်းယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ယာဉ်မောင်းနှစ်ဦးအား ကျောက်တံတား ရဲစခန်းတွင် ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးက တရားလို ပြုလုပ်၍ (ပ)၂၉/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Eleven Media Group

တချိန်တည်း တရက်တည်း KTV ကအခန်းနှစ်ခန်း မှာ လူနှစ်ယောက်အသတ်ခံရ

တချိန်တည်း တရက်တည်း KTV ကအခန်းနှစ်ခန်း မှာ လူနှစ်ယောက်အသတ်ခံရ
ရန်ကုန်၊ အောက်တိုဘာ ၎
၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း
ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music KTV
ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ
KTV ဆိုင်၏အခန်းအမှတ် V-2 ၌ သားဖြစ်သူမောင်ဇော်မှာဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုလည်းကောင်း၊အခန်းအမှတ် V-9
တွင် တစ်ရပ်ကွက်တည်းနေ ကိုသူ ၊ (ဘ)ဦးညွန့်ဝင်းမှာ ဓါးဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း
(ပ) ၁၂၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် တိုင်း/ခရိုင်မှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
http://www.todaymyanmar.net/

ရေကြည်အုပ်စု ချောက်ခမ်းကျေးရွာတွင် ကိုယ်ထူးကိုယ်ထ ကျေးရွာမီးလင်းရေးတွင် ယနေ့(၄.၁၀.၂၀၁၃) ၇က်နေ့တွင်လမ်းမီးများ စတင်ပြီးလင်း

ပဲခူးတိုင်း နတ်တလင်းမြို့ ရေကြည်အုပ်စု ချောက်ခမ်းကျေးရွာတွင် ကိုယ်ထူးကိုယ်ထ ကျေးရွာမီးလင်းရေးတွင်
ယနေ့(၄.၁၀.၂၀၁၃) ၇က်နေ့တွင်လမ်းမီးများ စတင်ပြီးလင်းနေပြီးဖြစ်ပြီးနောက်ရက်တွင် အိမ်မီးများကိုပါရရှိမှာဖြစ်ပါသည်။
ကျေးရွာမီးလင်းရေးတွင် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီခဲ့ကြသော တာပွန်မြို့လျှပ်စစ်ရုံးမှ လျှပ်စစ်မှူးဦးဟန်ဆွေး
နှင့်တာဝန်ရှိသူများနှင့် ကျေးရွာမီးလင်းရေး အဖွဲ့များမှာအောင်ပွဲညစာစားပွဲပြုလုပ်ခဲ့ပါသည်။
ချောက်ခမ်းကျေးရွာသူကျေးရွာသားများပျော်ရွင်နေကြပါသည်။


Tuesday, October 1, 2013

ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင် ဖမ်းဆီးရမိ

ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင် ဖမ်းဆီးရမိ
Tuesday, October 1, 2013
၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် တစ်ရွာတည်းနေ ဒေါ်ထွေးကြည် (ခ)ဒေါ်မိုးမိုး မှာနေအိမ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ၍သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးတွင် ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက် ၀တ် ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက် တို့ဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား (၆)လက်မခန့်ရှိဝါးရိုးတပ်မီးဖိုချောင် သုံးဓါး အကျိုး(၁)ချောင်း တို့အား တွေ့ရှိခဲ့ရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာ ယင်းနေ့နံနက် ၀၃၃၀ အချိန်ခန့်က ၎င်း၏သားအရင်းဖြစ်သူ တင်ထွန်းဝင်းနှင့်စကားများခဲ့ကြောင်း၊ တင်ထွန်းဝင်းမှာ ထွက်ပြေး
တိမ်းရှောင်နေကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန်ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း (ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးတိမ်းရှောင်နေသူ တင်ထွန်းဝင်းအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းသည်မော် လမြိုင်မြို့တွင် ရောက်ရှိ တိမ်းရှောင်နေကြောင်း သိရှိရသဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ရာ ၃၀.၉.၂၀၁၃ရက်နေ့ ၁၈၄၅ အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ပြည်မြို့က သတင်းအသစ်တွေကို မလွတ်တန်းဖတ်နိုင်ဖို့ APK

ပြည်မြို့က သတင်းအသစ်တွေကို မလွတ်တန်းဖတ်နိုင်ဖို့ APK
**************************************

Android ဖုန်းပေါ်မှတဆင့် ပြည်မြို့က သတင်းအသစ်တွေကို မလွတ်တန်းဖတ်နိုင်ရန် Pyay News apk ကို အသစ်ထပ်မံရေးသားလိုက်ပါတယ်။ ယခု apk ကို Install လုပ်ထားလျှင် ပြည်သတင်း (Blog)၊ ပြည်သတင်း (Facebook Like Page)၊ ပြည်အရောင်းအ၀ယ် (Facebook Group Page)၊ ပေါက်ခေါင်းသတင်း တွေကို Online / offline အချိန်မရွေးဖတ်နိုင်မှာဖြစ်ပါတယ်။ ပထမ apk ထက်သုံးရတာ အဆင်ပြေအောင် အတတ်နိုင်ဆုံးလုပ်ထားပါတယ်ပြီး သစ်ထူးလွင် သတင်းပါတဲ့ apk ကို အသုံးပြုထားသူများလည်း ယခု apk ကို ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ပြည်သတင်း (Blog) >>> https://pyaynews.blogspot.com/

ပြည်သတင်း (Facebook Like Page) >>> https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ် (Facebook Group Page) >>> https://www.facebook.com/groups/pyaymarket

ပေါက်ခေါင်းသတင်း >>> https://pkgcitynews.blogspot.com/

Download >>> http://pyaynews.blogspot.com/2013/09/apk.html


မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်း နေ့လည် အဟာရ ကော်ဖီနှင့်မုန့် ကျွေးမွေးစဉ် အမှတ်တရ ဓါတ်ပုံများ

နေ့လည် အဟာရ ကော်ဖီနှင့်မုန့် ကျွေးမွေးစဉ် အမှတ်တရ ဓါတ်ပုံများ 1.10.2013 ရက်နေ့ အင်္ဂါနေ့
မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်း ရှိကလေးများကို နေ့လည်အဟာရ ကော်ဖီနှင့်မုန့် တိုက်ကျွေးစဉ် အမှတ်တရ ဓါတ်ပုံများ

 

မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်းအတွက် ကွန်ပျူတာ 5 စုံလှူဒါန်းခြင်း

မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်းအတွက် ကွန်ပျူတာ 5 စုံလှူဒါန်းခြင်း
**********************************************************************

1.10.2013 ရက်နေ့ အင်္ဂါနေ့
မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်းအတွက် ဦးထွန်းလှဖြူအားရည်စူးပြီး IT Development Pyay မှ ကွန်ပျူတာ 5 စုံကို ရေစက်ချလှူဒါန်းခြင်းနှင့် ကျောင်းရှိကလေးများကို နေ့လည်အဟာရ ကော်ဖီနှင့်မုန့် တိုက်ကျွေးခဲ့ပါသည်။
လှူဒါန်းခြင်းနှစ်ပိုင်းရှိပြီး 1. သင်ထောက်ကူပစ္စည်းဖြစ်သည့် ကွန်ပျူတာ 5 စုံလှူဒါန်းခြင်း 2. ကျောင်းနေကလေးများ ကွန်ပျူတာ ပညာသင်ကြားနိုင်ရေးအတွက် ပညာဒါနမျှဝေပေးခြင်းတို့ ဖြစ်ပါသည်။
ကွန်ပျူတာပညာ သင်ကြားပေးခြင်းတွင် MCPA MCIA မှ ဆရာရဲမြင့်အောင်၊ ဆရာချမ်းမြေ့၊ မလွင်ဦးခိုင် တို့မှ ဦးဆောင်ပြီး IT Development Pyay အဖွဲ့ဝင်များနှင့်အတူ မဟာဇေယျုံကျောင်းရှိ ဆရာ/ဆရာမများအား သင်ကြားပေးမည်ဖြစ်ပါသည်။
အဆိုပါ ဆရာ/ဆရာမများမှတဆင့် ကျောင်းသား/ကျောင်းသူများကို အတန်းကြီးငယ်အလိုက် ကွန်ပျူတာအချိန်သီးသန့်ထည့်ပြီး ပြန်လည်သင်ကြားပေးပါမည်။ လှူဒါန်းထားသည့် ကွန်ပျူတာများ၏ service ပိုင်းအတွက် IT Development Pyay နှင့် Wise Power မိသားစုမှ အခမဲ့တာဝန်ယူပြုပြင်ပေးမည်ဖြစ်ပါသည်။

ယခုအလှူပွဲတွင် PREMIER COFFEE မှ အလှူပွဲနှင့် ကျောင်းရှိ ကလေးများ၏ အဟာရအတွက် ကော်ဖီဒါန ပါဝင်ကူညီလှူဒါန်းခဲ့ပြီး LODON စီးကရက်မှလည်း အလှူပွဲအတွက် လိုအပ်သည်များကို ပါဝင်ကူညီခဲ့ပါသည်။

ကျွန်တော်တို့ IT Development Pyay ၏ ရည်ရွယ်ချက်မှာ
1. မိမိကိုယ်တိုင် နည်းပညာဖွံဖြိုးတိုးတက်ရန် လေ့လာခြင်း
2. အသင်းအဖွဲ့လိုက် နည်းပညာဖွံဖြိုးတိုးတက်ရန် လုပ်ဆောင်ခြင်း
3. မိမိပတ်ဝန်းကျင်တွင် နည်းပညာဖွံဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

ယ္ခုအလှူပွဲ၏ ရည်ရွယ်ချက်မှာ -
1. IT Development Pyay ၏ ဖခင်ကြီးဖြစ်သည့် ဦးထွန်းလှဖြူအတွက် ရည်စူးလှူဒါန်းလိုခြင်း
2. မိမိပတ်ဝန်းကျင်တွင် နည်းပညာဖွံဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခြင်း
3. အသင်းအဖွဲ့လိုက် စုပေါင်းလှူဒါန်းလိုခြင်းအတွက် သင်ထောက်ကူပစ္စည်းဖြစ်သည့် ကွန်ပျူတာများလှူဒါန်းခြင်း
4. ကျောင်းနေအရွယ်ကလေးများ ကွန်ပျူတာနှင့် ရင်းနှီးတတ်မြောက်စေရန် ပညာဒါန မျှဝေပေးခြင်း တို့ဖြစ်ပါသည်။

IT Development Pyay
Photo: မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်းအတွက် ကွန်ပျူတာ 5 စုံလှူဒါန်းခြင်း
**********************************************************************

1.10.2013 ရက်နေ့ အင်္ဂါနေ့
မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်းအတွက် ဦးထွန်းလှဖြူအားရည်စူးပြီး IT Development Pyay မှ ကွန်ပျူတာ 5 စုံကို ရေစက်ချလှူဒါန်းခြင်းနှင့် ကျောင်းရှိကလေးများကို နေ့လည်အဟာရ ကော်ဖီနှင့်မုန့် တိုက်ကျွေးခဲ့ပါသည်။
လှူဒါန်းခြင်းနှစ်ပိုင်းရှိပြီး 1. သင်ထောက်ကူပစ္စည်းဖြစ်သည့် ကွန်ပျူတာ 5 စုံလှူဒါန်းခြင်း 2. ကျောင်းနေကလေးများ ကွန်ပျူတာ ပညာသင်ကြားနိုင်ရေးအတွက် ပညာဒါနမျှဝေပေးခြင်းတို့ ဖြစ်ပါသည်။
ကွန်ပျူတာပညာ သင်ကြားပေးခြင်းတွင် MCPA MCIA မှ ဆရာရဲမြင့်အောင်၊ ဆရာချမ်းမြေ့၊ မလွင်ဦးခိုင် တို့မှ ဦးဆောင်ပြီး IT Development Pyay အဖွဲ့ဝင်များနှင့်အတူ မဟာဇေယျုံကျောင်းရှိ ဆရာ/ဆရာမများအား သင်ကြားပေးမည်ဖြစ်ပါသည်။
အဆိုပါ ဆရာ/ဆရာမများမှတဆင့် ကျောင်းသား/ကျောင်းသူများကို အတန်းကြီးငယ်အလိုက် ကွန်ပျူတာအချိန်သီးသန့်ထည့်ပြီး ပြန်လည်သင်ကြားပေးပါမည်။ လှူဒါန်းထားသည့် ကွန်ပျူတာများ၏ service ပိုင်းအတွက် IT Development Pyay နှင့် Wise Power မိသားစုမှ အခမဲ့တာဝန်ယူပြုပြင်ပေးမည်ဖြစ်ပါသည်။

ယခုအလှူပွဲတွင် PREMIER COFFEE မှ အလှူပွဲနှင့် ကျောင်းရှိ ကလေးများ၏ အဟာရအတွက် ကော်ဖီဒါန ပါဝင်ကူညီလှူဒါန်းခဲ့ပြီး LODON စီးကရက်မှလည်း အလှူပွဲအတွက် လိုအပ်သည်များကို ပါဝင်ကူညီခဲ့ပါသည်။

ကျွန်တော်တို့ IT Development Pyay ၏ ရည်ရွယ်ချက်မှာ 
1. မိမိကိုယ်တိုင် နည်းပညာဖွံဖြိုးတိုးတက်ရန် လေ့လာခြင်း
2. အသင်းအဖွဲ့လိုက် နည်းပညာဖွံဖြိုးတိုးတက်ရန် လုပ်ဆောင်ခြင်း
3. မိမိပတ်ဝန်းကျင်တွင် နည်းပညာဖွံဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

ယ္ခုအလှူပွဲ၏ ရည်ရွယ်ချက်မှာ - 
1. IT Development Pyay ၏ ဖခင်ကြီးဖြစ်သည့် ဦးထွန်းလှဖြူအတွက် ရည်စူးလှူဒါန်းလိုခြင်း
2. မိမိပတ်ဝန်းကျင်တွင် နည်းပညာဖွံဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခြင်း
3. အသင်းအဖွဲ့လိုက် စုပေါင်းလှူဒါန်းလိုခြင်းအတွက် သင်ထောက်ကူပစ္စည်းဖြစ်သည့် ကွန်ပျူတာများလှူဒါန်းခြင်း
4. ကျောင်းနေအရွယ်ကလေးများ ကွန်ပျူတာနှင့် ရင်းနှီးတတ်မြောက်စေရန် ပညာဒါန မျှဝေပေးခြင်း တို့ဖြစ်ပါသည်။

IT Development Pyay