Sunday, September 29, 2013

အောက်တိုဘာလ(၁)(၂)ရက်နေ့ခန့်တွင်Typhoon WUTIP ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် အောက်မြန်မာပြည်ဒေသများကို မိုးပေးတော့မယ်။ Weather News Update

အောက်တိုဘာလ(၁)(၂)ရက်နေ့ခန့်တွင်Typhoon WUTIP ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် အောက်မြန်မာပြည်ဒေသများကို မိုးပေးတော့မယ်။
Weather News Update
29-9-2013
7:41 am
မြောက်ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းတွင် ၂၀၁၃ ခုနှစ်အတွင်း (၂၁)လုံးမြောက် ဖြစ်ပေါ်လာတဲ့ တိုင်ဖွန်းမုန်တိုင်း Wutip ဟာ သူ့ရဲ့ အနောက်ဖက် ခရီးစဉ်ကို မူလကခန့်မှန်းထားတဲ့အတိုင်း ဆက်လက် ချီတက်လာနေပြီဖြစ်ပါတယ်။ အားတွေလည်း ပိုပြိုပီး စုစည်းလာနေပါတယ်။
လောလောဆယ် ခန့်မှန်းချက်ကတော့ သူ့ရဲ့ခရီးစဉ်ဟာ ဗီယက်နမ်နိုင်ငံတောင်ပို်င်း၊ ထိုင်းနိုင်ငံတောင်ပိုင်း နဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း(ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်)တို့ကို ဖြတ်သန်းသွားနှိုင်ပါတယ်။
ရေကြီးမှုတွေနဲ့ကြုံတွေ့နေရတဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း ဒေသအချို့တွေ အတွက်တော့ သတိထားပြီးကျော်ဖြတ်ရဦးမယ့် ၂၀၁၃ ခုနှစ် တတိယရေကြီးကာလရဲ့ အခက်အခဲတစ်ခုဖြစ်လာဖွယ်ရာရှိနေပါတယ်။
ဒေါက်တာထွန်းလွင်

ရွှေတိဂုံစေတီတော်အောက်ကလျို့ဝှက်၂ခုကိုအာမေးနီးယန်း လူမျိုးတစ်ယောက်ကသိ

ရွှေတိဂုံစေတီတော်အောက်ကလျို့ဝှက်၂ခုကိုအာမေးနီးယန်း လူမျိုးတစ်ယောက်ကသိ

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ယုံကြည်ကိုးကွယ်ရာစေတီတော်ကြီးဖြစ်တဲ့ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေအတက်အကျအလိုက်ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ
့ရွှေလှေတစ်စီးရှိတယ်လို့မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရသိရှိရပါတယ်။

မစ္စတာအပရမေကိုကြေးမုံသတင်းစာကတွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာသူငယ်ချင်းတွေနဲ့အတူရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိဌာပနာတိုက်ဝကိုရောက်တဲ့အခါမှာရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ချဉ်းကပ်တောင်းပန်ပြီးဌာပနာတိုက်ထဲကိုဆင်းခဲ့တယ်လို့ဆိုပါတယ်။ရသေ့ကြီးရဲ့ခွင့်ပြုချက်အရဌာပနာတိုက်ထဲကိုဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်းတည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့(၁၀) ပေပတ်လည်လောက်ရှိတဲ့ရေတွင်းရှိတယ်။ ရေတွင်းဟာပင်လယ်ရေအတက် အကျအလိုက်ရေအနိမ့်အမြင့်ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ ရေတွင်းထဲမှာအလျား (၆) ပေခွဲခန့်ရှိပြီးကျောက်မျက် ရတနာများနဲ့စီချယ်ထားတဲ့ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာဒီရေအတက်အကျအလိုက်ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များ လို့ယူဆရတဲ့ဌာပနာတွေကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့အတိအကျမပြောနိုင်ဘူးလို့ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ထူခြားချက်မှာ တစ်ခန်း လုံးထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသောအလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကိုပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံကရှေးဗိသုကာတွေရဲ့လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ဌာပနာတိုက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရ တာဖြစ်လို့နှောင်းလူတွေသုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကိုမြေပုံဆွဲလို့တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်းမစ္စတာအပရမေကိုတွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကိုလိုက်လံပြသစေတဲ့အခါမှာ ဌာပနာတိုက်လှိုဏ်ဂူဟာရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိဆုတောင်းပြည့်ဘုရားနဲ့ဆုတောင်းပြည့်တန်ဆောင်းနေရာမှာရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများထပ်မံမွမ်းမံပြင်ဆင် ထားမှုကြောင့်အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီ ရဲ့လှိုဏ်ဂူအောက်မှာသာရှိတယ်လို့ခန့်မှန်းညွှန်ပြသွားနိုင်တယ်လို့သိရပါတယ်။ မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်ကဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ်တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့
အိမ်ထောင်ကျပြီးသားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီး
မြေးများနဲ့အတူ ဘောက်ထော်မှာနေထိုင်တယ်လို့ သတင်းမှာ
ဖော်ပြထားပါတယ်။ မစ္စတာအပရမေ ကိုယနေ့ကြေးမုံကတွေ့ဆုံမြေးမြန်းပြီး ၁၃. ၃. ၆၈ နေ့မှာဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ဖော်ပြထားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာတည်ရှိတဲ့ ဆံတော်တွင်းဌာပနာတိုက်ကြီးအကြောင်း ကို နှောင်းလူများသိရှိစေရန်ထပ်မံဖော်ပြရခြင်းဖြစ်ပါတယ်။

သံတွဲမြို့တွင် အကြမ်းဖက်သမားများမှ မွတ်စလင်မ်အိမ်များနှင့် ဗလီအား မီးရှို့ရန်ကြိုးပမ်း


သံတွဲမြို့တွင် အကြမ်းဖက်သမားများမှ မွတ်စလင်မ်အိမ်များနှင့် ဗလီအား မီးရှို့ရန်ကြိုးပမ်း
===================
စက်တင်ဘာ ၂၉၊ ၂၀၁၃
M-Media
ထွန်းတောက်
မနေ့က ဖြစ်ပွားခဲ့သော သံတွဲမြို့ အခြေအနေတွင် ကမန်တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌအိမ်အား မီးရှို့ရန်လုပ်ဆောင်နေပြီး မအောင်မြင်မှုအပေါ် ယနေ့တွင် အကြမ်းဖက်သမားများမှ လူစုကာ ညနေ ၆း၄၅-နာရီခန့်က စတင်၍ အကြမ်းဖက် မီးရှို့မှုကို သံတွဲမြို့ပေါ်တွင် စတင် လုပ်ဆောင်နေပါတယ်။
ညနေ ၆း၄၅-နာရီခန့်က အမှတ်(၁)၊ မဟာဗန္ဓုလမ်း (၃)ရပ်ကွက်ရှိ ဦးလှမြင့်၏နေအိမ်အား စတင်ရှို့ခဲ့ပြီး တောင်ပေါ်ဗလီကိုလည်း မီးစတင်ရှို့ရန် ကြိုးပမ်းကြံစည်လုပ်ဆောင်နေကျ ကြောင်းသိရသည်။
ညနေ ၆း၃၀-နာရီခန့်က ကာဖျူးထုတ်ထားသော်လည်း အကြမ်းဖက် လူအုပ်ကြီးမှာ အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။
ယခုအခါ မီးလောင်နေမှုကြောင့် မီးသတ်ကား ရောက်ရှိသော်လည်း မီးမငြိမ်းသတ်နိုင်သေးပေ။
အစောပိုင်းတွင် ရဲနှင့် စစ်တပ်ရှိနေသော်လည်း မည်သို့မှ လုပ်ဆောင်ခြင်းမရှိပဲ ယခု ၇း၁၅-နာရီခန့် မိုးပေါ်သို့ သေနတ် ၄-ချက် ပစ်ဖောက်လိုက်သော်လည်း ထောင်နဲ့ချီသော လူအုပ်ကြီးကို လူစုမခွဲနိုင်သေးပဲ ရှိနေပြီး အကြမ်းဖက်သမားများမှ မီးရှို့နေပါတယ်။
ယခု လက်ရှိအချိန်တွင် ဂန္ဓမာလမ်း (၃)ရပ်ကွက်ရှိ ရခိုင်အိမ် ၂-အိမ်ကြားရှိ ဦးယာစင်း၏ ၀င်းမျက်မှန်ဆိုင် ဖြိုဖျက်နေကြောင်း နောက်ဆုံး သတင်းရရှိပါတယ်။
နောက်ဆက်တွဲသတင်းများ ထပ်မံ ဖော်ပြပါမည်။

ပြည်မြို့ အ.ထ.က(၁)ကျောင်းကွင်း အတွင်းအထူးဈေးရောင်းပွဲတော်ကျင်းပသွားမည်


ပြည်မြို့ အ.ထ.က(၁)ကျောင်းကွင်း အတွင်းအထူးဈေးရောင်းပွဲတော်ကျင်းပသွားမည်
*****************************************************
29.9.2013
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ အ.ထ.က(၁)ကျောင်းကွင်းတွင် ၃၀.၉.၂၀၁၃ မှ ၄.၁၀.၂၀၁၃ ရက်နေ့အထိ
မြင့်သော်တာထွန်း ကုမ္ပဏီလီမိတက် မှ အဆင့်မြင့်ကုန်စည်ပြပွဲ နှင့် အထူးဈေးရောင်းပွဲတော်ကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း
သတင်းရရှိခဲ့ပါသည်။ အဆိုပါဈေးရောင်ပွဲတော်ကြီးတွင် မြင့်သော်တာထွန်း ကုမ္ပဏီလီမိတက် မှစုစည်းကျင်းပပြီး ရန်ကုန်၊မန္တလေးမြို့ကြီးများမှ
ကုမ္ပဏီကြီးများ၊လုပ်ငန်းရှင်ကြီးများမှ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊အီလက်ထရောနစ် ပစ္စည်းအမျိုးမျိုး၊တိုင်းရင်းဆေးဝါးများ၊စတီးပစ္စည်းများ၊ကြွေထည်ပစ္စည်းများ၊
ဖန်ပစ္စည်းများ၊အိပ်ယာအခမ်းအနားပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများ၊ယိုးဒယားဖြစ်ဖိနပ်ဒီဇိုင်းများ၊အ၀တ်အထည်များတို့ကို ဈေးနူန်းချိုသာစွာဖြင့်
ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ပျော်ရွှင်စရာအစီစဉ်များ

ထူးခြားဆန်းသစ်သော ပျော်ရွှင်စရာ ကလေး/လူကြီးများအတွက် လူအယောက်(၇၀)စီးနိုင်သည့် ပင်လယ်ဓါးပြလှေကြီး၊ကလေးအယောက်(၅၀)ကခုန်နိုင်သော ပျော်ရွှင်ကစားစရာ
ပျော့ပျော့အိအိလေမှုတ်ရုပ်ကြီးများ နှင့် ချားရဟတ်များလည်းပါရှိပါသည်

ဖျော်ဖြေရေးအစီအစဉ်

ရန်ကုန်မြို့မှ နာမည်ကြီး Model လေးများ၏ Model Show နှင့် Dancer Show များ တေးသရုပ်ဖော်များ၊တိုင်းရင်းသားရိုးရာအကများ၊အထူးအစီကစဉ်အနေဖြင့် Under Ground အကဖြင့်
အခမဲ့(အခမဲ့)ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိခဲ့ပါသည်။ ။ပြည်သတင်း....


 

မိန်းကလေးများ ညအိပ်ခရီးသွားလျှင် (သတိထားပါ)

မိန်းကလေးများ ညအိပ်ခရီးသွားလျှင် (သတိထားပါ)
*********************************
28.9.2013 ရက်နေ့ ပြည်မြို့နေ အမျိုးသမီးတစ်ဦး မှ ပြည်သတင်းကို အခုလိုပြောကြားခဲ့ပါသည်။....
ကျွန်မကပြည်မှာနေတဲ့သူပါ နာမည်တော့မပြောပြချင်တော့ပါဘူး ကျွန်မပြောချင်တဲ့စကားတွေကို ပြည်သတင်းမှ တဆင့်ဖော်ပြပေးပါရစေ ကျွန်မအသက်က (၃၀)ပါ ဖြစ်ပုံကတော့ဒီလိုပါ။...

၂၁.၉.၂၀၁၃ ရက်နေ့က ကျွန်မနဲ့အတူတူကျွန်မသူငယ်ချင်းမိန်းကလေးတစ်ယောက်နဲ့အတူတူ ရန်ကုန်မှပြည်ကို ည(၈း၃၀)မိနစ်အချိန် မျိုးဆက်သစ်ကားနဲ့ ပြန်လာခဲ့ကြပါတယ် ကားထွက်ပြီ
ညပိုင်းလည်းဖြစ်ဆိုတော့ ကားအတော်များများကမီးရောင်လေးမှိန်ပြီးတော့ဖွင့်ပေးကြတာဟာ အစဉ်အလာလိုဖြစ်နေပါပြီ ဒီတစ်ခါအဲဒိအစဉ်အလာကြောင့် ကျွန်မတို့ကြုံတွေ့ခဲ့ကြတာလေးတွေကို
ပြောပြချင်တာပါ ကားစထွက်ပြီး မီးရောင်အမှိန်လေးအောက်မှာ စီလာကြတဲ့ခရီးသည်တွေအတော်များများပင်ပန်မှုတွေကြောင့်အိပ်ပျော်တတ်ကြပါတယ် ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်လည်း
အများနှင့်နည်းတူအိပ်ပျော်ခဲ့ကြပါတယ် အဲနောက်ကျွန်မတို့စီးလာတဲ့ မျိုးဆက်သစ်ကားဟာ လက်ပံတန်းရောက်တော့ ထမင်းစားဖို့နားကြပါတယ် အဲနောက်ကျွန်မတို့ ကားအောက်ဆင်း ထမင်းစား
ပြီး ကားကပြန်ထွက်မယ်ဆိုတာနဲ့ ကားပေါ်ကိုခရီးသည်အာလုံးနဲ့အတူတူကျွန်မတို့လည်း ပြန်တက်ခဲ့ရပါတယ် အဲနောက်(၃)မိနစ်လောက်အကြာမှာ ကားမီးကအရင်လိုပြန်မှိန်သွားပါလောရော ဒါ
နဲ့ ထမင်းစားပြီး ကျွန်မတို့သူငယ်ချင်းနှစ်ယောက် မှေးကနဲအိပ်ပျော်သွားကြတာပေါ့ အဲမှာတင် ကျွန်မနဲ့ အတူတူပါလာတဲ့ ကျွန်မသူငယ်ချင်းကလက်တို့ပြီး ကျွန်မကိုပြောတယ် အမ အမ ကျွန်မ
လက်ကိုလူတစ်ယောက်လာတို့တယ်လို့ပြောတယ် ဒါနဲ့သူပြောတဲ့သူကိုကြည့်လိုက်တော့ အဲလူကမသိချင်ယောင်ဆောင်နေတာပေါ့ သီချင်းနားထောင်ပြီး ခြေလှုပ် လက်လှုပ်ဖြစ်တာနဲ့ကျွန်မသူငယ်
ချင်းကို မတော်တစ လာတို့မိတယ်လို့ပဲထင်မိတာနဲ့ အော်မတော်တစနေမှာပါ ဟုပြောကာ နှစ်ယောက်စလုံးသတိလေးထားပြီး စီးလားကြပါတယ် နောက်ခဏနေတော့ထပ်ပြောပြန်ရော ဒါနဲ့ကျွန်မ
ကအဲလူကိုကြည့်လိုက်တော့ အဲလူတစ်ယောက်က သီချင်းဆိုသလိုပါလိုလိုနဲ့ ညီမလေးကို ချစ်တယ်တို့ ဟိုပြောဒီပြောတွေလျှောက်ပြောနေတာပေါ့ ဒါနဲ့ ကျွန်မအဲအချိန်အထိကိုလည်း အေးအေး
ဆေးဆေးနေခဲ့ပါတယ် အဲဒါကိုအခွင့်ကောင်းယူပြီး ကျွန်မတို့က စိုက်ကြည့်လိုက် မဖွယ်မရာတွေပြောနေလိုက်ပေါ့ အတော်လည်းကြာရော အဲလူက ကျွန်မတို့ ထိုင်တဲ့ဘေးကခုံကိုလာထိုင်ပါရော အဲ
နောက်ခုဏကလိုပဲ မဖွယ်မရာတွေဆက်ပြောနေတယ် ဒါနဲ့ကျွန်မက ကားစပယ်ရာလေးကိုခေါ်လိုက်တယ် ကျွန်မတို့ကိုလိုက်နှောက်ယှက်နေပါတယ် လို့ပြောတော့ကားစပယ်ရာက ခဏနေတော့လာ
ပြီးကျွန်မတို့အနားမှာခဏစောင့်နေပေးပါတယ် နောက်အလုပ်ရှိနေသေးလို့ပါဟုဆိုကာ ကားရှေ့ပိုင်ကို ပြန်ထွက်သွားတယ် ကားစပယ်ရာ ရှိနေတုန်းက သူမဟုတ်သလိုငြိမ်နေတဲ့ ဟိုလူတစ်ယောက်က
ကားစပယ်ရယ လည်းမရှိရော ကျွန်မတို့နောက်ယောက်ကို ကြည့်ပြီးတော့ သူ့ယောက်င်္ကျားပစ္စည်းကို ကိုင်ပြနေပါတယ် အဲနောက် ကျွန်မက ကျွန်မသူငယ်ချင်းကိုတိုးတိုးလေးကပ်ပြောလိုက်တယ်
ဟိုလူကြီးကိုမကြည့်နဲ့နော်မဖွယ်မရာတွေငါတို့ကိုကြည့်ပြီးလုပ်ပြနေတယ်လို့ပြောလိုက်တယ် ပါးစပ်ကလည်း မဖွယ်မရာတွေပြောနေတာတော့ကြားနေရပါတယ် အနားမှာ လူတွေရှိနေပေမဲ့ တစ်ယောက်
မှ သိကြပုံမပေါ်ပါဘူး နောက်တော့ သူ့ယောက်င်္ကျားပစ္စည်းကို ထုတ်ပြီးတော့ ကျွန်မတို့နှစ်ယောက်ဘက်ကိုကပ်လာပါတယ် ဒါနဲ့ကျွန်မသူငယ်ချင်းက ကားစပယ်ရာ ကားစပယ်ရာ လို့အော်လိုက်တော့
အဲဒိလူက သူ့အိတ်နဲ့ သူ့ပေါင်ပေါ်ကိုဖုံးထားပြီး သူမဟုတ်သလိုငြိမ်နေတယ် နောက်တော့ကားမီးဖွင့်ပေးပါ လို့စပယ်ရာကိုပြောတော့ စပယ်ယာက မီးဖွင့်ထားပေးပါတယ် အဲဒါတောင်အဲဒိလူပါးစပ်က
မဖွယ်မရာတွေဆက်ပြောနေတုန်းပါပဲ ဒါနဲ့စပယ်ရာကို အကျိုးအကြောင်းပြောပြီးတော့ ဘေးမှာနေပေးဖို့ပြောပါတယ် စပယ်ရာက ကျွန်တော်ကအလုပ်နဲ့မလို့ပါ လာနေပေးလို့မရပါဘူး ကျွန်တော့ အပို
စပယ်ရာ ကိုတော့နေခိုင်းပေးပါ့မယ်ဟုပြောပြီး ကျွန်မတို့အနားမှာ စပယ်ရာတစ်ယောက်ကိုလာထားပေးပါတယ် အဲခါကျမှပဲ ဟိုလူကငြိမ်သွားတော့ပါတယ် အဲဒါနဲ့ ကျွန်မတို့ ပြည်ကားဂိတ်ကြီးဝန်းထဲရောက်
တော့ အဲလူကြီးက ဘယ်မှာနေတာလည်း ဘယ်သွားမှာလည်း ကျွန်တော်လည်းပြည်မှာနေတာပါ လာကြိုမဲ့သူရှိလား စုံနေအောင်လာရောပါတယ် ကျွန်မတို့က ကားပေါ်ကသူရဲ့အပြုအမှုတွေကြောင့်
ကာအောက်မှာတင်ရန်တွေ့ပစ်လိုက်ပါတယ် အဲနောက်တော့ ကျွန်မတို့ကို လာကြိုတဲ့ ကျွန်မမောင်လေးရောက်လာတာနဲ့ မောင်လေးကပစ္စည်းတွေသည်ပေးပြီးပြန်ခါနီးတောင် ကျွန်မမောင်လေးကို
လှမ်းခေါ်နေပါသေးတယ် ညီလေးလာပါအုံး ခဏလောက် ညီလေးလာပါအုံးခဏလောက်ပါကွ ဆိုတာနဲ့မောင်လေးကသွားမလို့လုပ်နေတာနဲ့ ကျွန်မကမသွားနဲ့ပြန်မယ်ဟုပြောပြီး ပြန်လာခဲ့ပါတယ်
အဲနောက်ပိုင်း(၃)ရက်လောက်အကြာမှာတော့ ကမ်းနားမှာ ကျွန်မရယ် ကျွန်မသူငယ်ချင်းလင်မယားအတွဲရယ် လက်ဖက်ရည်သောက်နေတုန်း အဲကားပေါ်မှာမဖွယ်မရာလုပ်နေတဲ့သူနဲ့ ပြန်ဆုံတော့
ကျွန်မက အိမ်ကမိသားစုနဲ့ သူငယ်ချင်းတွေကို ဖုန်းနဲ့ခေါ်ပြီးပြခဲ့ပါတယ် အဲနောက်အဲကျွန်မတို့ကိုကားပေါ်မှာ မဖွယ်မရာ လုပ်ပြတဲ့သူက ပိုက်ဆံရှင်းပြီး လက်ဖက်ရည်ထိုင်ကနေ ထသွားတော့ ဘယ်မှာနေတာ
ကိုသိဖို့ ကျွန်မရဲ့ သူငယ်ချင်း လင်မယာအတွဲက အိမ်ကိုလိုက်ချောင်းပါတယ် သူနေတဲ့အိမ်လို့တော့တိုက်ရိုက်မပြောချင်တော့ပါဘူး သူဘယ်မှာနေတယ်ဆိုတာကိုလည်း သိပြီးသွားပါပြီ အဲလောက်ဆို
ဒီစာဖတ်နေတဲ့သူတွေအားလုံး သဘောပေါက်လောက်ပါပြီ ပြောချင်တာကတော့ ကျွန်မတို့လို မိန်းကလေးမျိုးတွေ ညအိပ်ခရီးသွားတဲ့အခါ သတိထားဖို့နဲ့ ကိုယ်သွားမဲ့ခရီးလမ်း ကိုယ်သွားချင်တဲ့နေရာကို
ကားနဲ့ပဲဖြစ်ဖြစ်၊ရထားနဲ့ပဲဖြစ်ဖြစ်ပေါ့ မိန်းကလေးတွေအတွက်လုံခြုံမှုရှိတဲ့ကားတွေ ယာဉ်တွေကိုပဲ စီးချင်ကြပါတယ် အဲဒိတော့ ကျွန်မတို့လို မဖြစ်ကြရအောင် ယာဉ်ပိုင်ရှင်တွေက ကျွန်မတို့လို ခရီးသွား
မိန်းကလေးတွေ မိမိဘ၀ လုံခြုံမှုရှိအောင် စိတ်ချမှုရှိအောင် အားလုံးသော ခရီးသွားလုပ်ငန်းရှင်များမှ ဒီလိုကိစ္စတွေကို တလေးတစားကူညီဖြေရှင်းပေးကြပါအုံးလို့ ပြည်သတင်းမှတဆင့် ကျွန်မတင်ပြပေးလိုက်ပါစေ
....ဟု ကာယကံရှင်အမျိုးသမီး မှ ပြည်သတင်း သို့ပြောကြားသွားခဲ့ပါသည်။ ။ ပြည်သတင်း.....

အောင်မြင်မှု ရရှိခဲ့ သူတွေ ရဲ့ နောက်ကွယ်




အောင်မြင်မှု ရရှိခဲ့ သူတွေ ရဲ့ နောက်ကွယ်
ဒီ ဓာတ်ပုံ ဟာ ဟားဗတ် တက္ကသိုလ် စာကြည့်တိုက် ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်ေ လး ကော င်း လို့ ဘာသာ ပြန်ပေး လိုက် တာပါ။ အောင်မြင်မှု ရရှိခဲ့ သူတွေ ရဲ့ နောက်ကွယ် မှာ ဘယ်လော က် ထိ ကြိုးစား အားထုတ် ခဲ့ရတာ ရှိသလဲ ဆိုတာကို ဒါလေးက သက်သေ ပြနေ ပါတယ်။ ဟား ဗတ် တက္ကသိုလ် က ဆရာတွေ ပြောပြ လေ့ ရှိတာ ကတော့ သင့်ဘ၀ မှာ စိတ်တိုင်းကျ ဖို့နဲ့ ကော င်း တဲ့ ဝေဖန်မှု ရချင်ရင် တော့ ဟားဗတ် တက္ကသိုလ် မှာ ပညာသင် နေတဲ့ အချိန် နေရောင် နဲ့ ထိေ တွ့ ဖို့ အချိန် မရှိဘူး တဲ့ ။
ကမ္ဘာ့ ထိပ်ဆုံး ကျောင်း တစ်ကျောင်း အနေနဲ့ ဟားဗတ် က နာမည်ကြီး ပုဂ္ဂိုလ်တွေ အများကြီးေ မွး ထုတ် ပေး ခဲ့တယ်။ အဲ့ ထဲမှာ နိုဘယ်လ် ဆုရှင် ၃၃ ဦး၊ အမေရိကန် သမ္မတ ၇ ဦး နဲ့ နယ်ပယ် အသီးသီး က ထူးချွန် ထက်မြတ် သူတွေ ပါ ပါ တယ်။ ဘာကြောင့် ဟားဗတ် ဟာ သူတို့ ရဲ. မွေးရပ် ဇာတိ ဖြစ်နေ တာလဲ။ ဟားဗတ် ကျောင်းသား တွေ ဟာ ဘယ်လို စိတ်ဓာတ် နဲ့ တွေးခေါ်မှု တွေကို ရရှိခဲ့ ကြ တာလဲ။ ဒီ အဖြေ ကို လူပေါင်း များစွာ လိုက်ရှာ နေကြတယ်။ ဟားဗတ် တက္ကသိုလ် ရဲ့ စာကြည့်တိုက် နံရံမှာ ရေးထား တဲ့ ဆုံးမစာ လေး ကတော့ အဖြေပေး ပါလိမ့်မယ်။ တိုတောင်း တဲ့ စာသားလေး တွေဟာ လေးနက်တဲ့ တွေးခေါ်မှု တွေ ပေးပြီး စိတ်ဓာတ် တက်ကြွ စေ ပါ တယ်။
ဟားဗတ် တက္ကသိုလ် ရဲ့ စာကြည့်တိုက် နံရံပေါ်က ဆုံးမစာ အချက် ( ၂၀ ) ကတော့
( ၁ ) ဒီ အချိန် မှာ အိပ်ငိုက် နေလျှင် မင်း အိပ်မက်မက် လိမ့်မည်။ ဒီ အချိန် မှာ ကြိုးစား လျှင် မင်း အိပ်မက် အကောင်ထည် ဖော်နိုင်မည်။
( ၂ ) ငါ လစ်လျှူခဲ့ သော ယနေ့ သည် မနေ့က နောက်ရက် တွင် ပျက်စီး လိုသောသူ ၏ ဆုေ တာ င်းခြင်း ပင်။
( ၃ ) အချိန် နှောင်းပြီ ဟု ထင်လိုက်သော အချိန် သည် အစောဆုံး အချိန်ပင် ဖြစ်သည်။
( ၄ ) ယနေ့ အလုပ်ကို နောက်နေ့ အထိ မဆွဲပါ နှင့်။
( ၅ ) စာကြိုးစား ချိန် ပင်ပန်းတာ ဟာ တခဏ ပါ။ မကြိုးစား လိုက်ပါမှ တသက်တာ ပင်ပန်းမှာ။
( ၆ ) သင်ယူတာ ဟာ အချိန် မရှိတာ မဟုတ်ဘူး။ ကြိုးစား အားထုတ်မှု မရှိတာပါ။
( ၇ ) စိတ်ချမ်းသာ မှု ဟာ အဆင့် သတ်မှတ် ထားတာ ရှိချင်မှ ရှိလိမ့်မည်။ အောင်မြင်မှု မှာ တော့ရှိတယ်။
( ၈ ) သင်ယူတာ ဟာ လူ့ဘ၀ရဲ့ အားလုံး မဟုတ်ပါ။ လူ့ ဘ၀ရဲ့ တစ်စိတ် တစ်ပိုင်းလေး ကိုတောင် မှ မအောင်မြင် နိုင်ဘူး ဆိုရင် ဘာလုပ် နိုင်ဦး မှာလဲ။
( ၉ ) မရှောင်ဖယ် နိုင်တဲ့ ပင်ပန်း ဆင်းရဲ မှုများ ကို ခံစားပါ။
( ၁၀ ) သူများထက် ပိုစော၊ ပို ကြိုးစား နိုင်မှ အောင်မြင်မှု အရသာ ကို ခံစားရမှာ။
( ၁၁ ) ဘယ်သူမှ လွယ်လွယ် ကူကူ နဲ့ မအောင်မြင် နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ့ ပြည့်စုံ သော ပင်ကိုယ် ထိန်းနိုင် စွမ်းအားနှင့် မလျှော့ သော ဇွဲ လုံ့လ တို့မှ ရရှိလာတာ။
( ၁၂ ) အချိန်ဟာ အမြဲတမ်း ကုန်ဆုံး နေတယ်။
( ၁၃ ) ဒီနေ့ ယိုသော သားရည် သည် နောက် နေ့ ၏ မျက်ရည် ဖြစ်လိမ့်မည်။
( ၁၄ ) ခွေးလို သင် လူကြီး လူကောင်း လို ကစားပါ။
( ၁၅ ) ဒီနေ့ မသွား လျှင် နောက်နေ့ ပြေးရ လိမ့်မည်။
( ၁၆ ) အနာဂတ် ကို ရင်နှီး မြုပ်နံ နေတဲ့ သူဟာ ယခု လက်တွေ့ ကို သစ္စာ ရှိသူပါ။
( ၁၇ ) ပညာရည် အဆင့်အတန်း ဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စား ပြုတယ်။
( ၁၈ ) တနေ့တာ ကုန်ဆုံး သွားလျှင် ပြန်မလာ တော့ပါ။
( ၁၉ ) အခုတောင် မှ သင်၏ ပြိုင်ဖက် သည် စာရွက်ကို အဆက် မပျက် လှန်နေပြီ။
( ၂၀ ) အကျပ် အတည်း အခက်အခဲ မရှိလျှင် အကျိုး အမြတ် မရနိုင်ပါ။
ဦးစိန်ကျော်လှိုင်

Friday, September 13, 2013

လမ်းကြပ်လို့အခြားလမ်းမှ ရှောင်မောင်းသည့်ယာဉ်လိုင်းများ ဒဏ်ကြေးငွေအပြင် ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမည်

လမ်းကြပ်လို့အခြားလမ်းမှ ရှောင်မောင်းသည့်ယာဉ်လိုင်းများ ဒဏ်ကြေးငွေအပြင် ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမည်
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ မီဒီယာတွေ့ဆုံရှင်းလင်းပွဲမှ ပြောကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ယာဉ်လိုင်းများမှ မော်တော်ယာဉ်များ.................
သတင်း အပြည့်အစုံ ဖတ်ရန် ဤ Link ကို နှိပ်ပါ => http://www.mmautotrader.com/newsandreviews/218-
www.MMautotrader

"ဘတ်စ်ကားပေါ်မှ မုဒိမ်းသမားများကို အိန္ဒိယအစိုးရ သေဒဏ်ချမှတ်"



ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အသက်(၂၃)နှစ်ရှိ မိန်းကလေး တစ်ဦးအား ဝိုင်းဝန်း မုဒိမ်းကျင့် ညှင်းဆဲနှိပ်စက်ပြီး စွန့်ပစ်ခဲ့သဖြင့် မိန်းကလေး သေဆုံးခဲ့သည့် ပြစ်မှုနှင့် စပ်လျဉ်းပြီး တရားခံများကို သေဒဏ်ချမှတ်ကြောင်း ဒေလီတရားရုံးက ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။

ကားအရောင်းဝယ်များ

NISSAN AD VAN (VAY12-??????)VE
MODEL - 2007
KM - 87000 KM
POWER WINDOW 2DOORS ONLY
C&F PRICE - သိန်း (40)
ARRIVAL DATE-15.09.2013

HP- (VIBER) +819081592208(ZAW MIN THEIN)
Posted by: Zaw Min Thein
www.carmarket.com.mm (ကားဝန်ဆောင်မှုများစုစည်းရာ)

Thursday, September 12, 2013

မြန်မာအလုပ်သမား ၁၈၀ကျော်အားတာချီလိတ်ဘက်မှ စားစရာများ ထောက်ပံ့မည်.


မြန်မာအလုပ်သမား ၁၈၀ကျော်အားတာချီလိတ်ဘက်မှ စားစရာများ ထောက်ပံ့မည်.
အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၁၈၀ ကျော်အား တာချီလိတ်ဘက်မှ စားစရာများ ထောက်ပံ့မည်
http://www.tachileik.net/2013/09/tcl-maesai-mm.html
=-=-=-=-=
၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးသော"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး ကော်မတီ"အနေဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်း အခက်အခဲနှင့်ကြုံတွေ့နေသူ မြန်မာနိုင်ငံသားများအား အဆိုပါနေ့မှ စ၍ ကူညီမှုများပေးနေလျှက်ရှိရာ ယခုအခါမှာ မယ်ဆိုင်မြို့ နမ်းကျန်းရပ်ကွက်ရှိ အထည်ချုပ်စက်ရုံတွင် လုပ်အားခ ပုံမှန်မရသည့်အပြင် အလုပ်သမားအခွင့်အရေးနှင့် ဆုံးရှုံးနေသော မြန်မာအလုပ်သမား ၁၈၀ ကျော်အား ကူညီနိုင်ရန်အတွက် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄နာရီအချိန်က တာချီလိတ်မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတွင် ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအ၀င် တွေ့ဆုံကာ အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ပြီးခဲ့သောရက်က မြန်မာ - ထိုင်း နှစ်နိုင်ငံ အလွတ်သဘောအရ ဆွေးနွေးခဲ့သော အကြောင်းအရာများထဲမှ အချက်အလက်များကို တာချီလိတ်ခရိုင်လ၀ကမှူး ဦးကျော်စွာလွင် က ထိုင်းတာဝန်ရှိသူများမှ ထိုင်းရဲများအနေဖြင့် လမ်းကြိုလမ်းကြားများ၌ ရုတ်တရက် စစ်ဆေးသည့် ကိစ္စမှာ ထိုင်းနိုင်ငံ ဥပဒေတစ်ခုဖြစ်ကြောင်း နှင့် မြန်မာနှင့် ထိစပ်နေလျှက်ရှိသည့် မြို့လေးမြို့အား မူးယစ်ဆေးဝါး သံသယနယ်မြေအဖြစ် သတ်မှတ်ထားသည့်အတွက် ယခုလို စစ်ဆေးရတာဖြစ်ကြောင်း ပြောလာသည်ကို ပြန်လည်၍ ရှင်းပြသည်။
ယင်းနောက် မယ်ဆိုင်မြို့ရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၁၈၀ ကျော်ကိုယ်စား အလုပ်သမား ၄ ဦးမှ တက်ရောက်လာပြီး ၎င်းတို့အနေဖြင့် တွေ့ကြုံခံစားနေရသော အခက်အခဲများအား ပြောကြားတင်ပြသွားသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်းသို့ သွားလာရာတွင် ဖြစ်ပေါ်တတ်သော အခက်အခဲများအား အခမ်းအနားသို့ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် လက်ရှိအခြေအနေတွင် ၇ ရက် သို့မဟုတ် ၁၀ရက်ခန့် အထည်ချုပ်စက်ရုံ ပိတ်ထားမည်ဖြစ်သည့်အတွက် အခက်အခဲ ဖြစ်ပေါ်နေသော မြန်မာအလုပ်သမား ၁၈၀ ကျော်အတွက် စားစရာများ ထောက်ပံ့နိုင်ရေးကို ဆွေးနွေးကြရာ စေတနာရှင်များက အောက်ပါစာရင်းအရ လှူဒါန်းသွားကြကြောင်း သိရသည်။
ကျပ်ငွေဖြင့်
၁) ဦးဝီလ်ဆင်မိုး ( အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ) - ကျပ် ၅ သိန်း
၂) ဒေါ်တင်မေထွန်း ( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ) - ကျပ် ၁ သိန်း
၃) ဦးကျော်စွာလွင် ( ခရိုင်လ၀ကမှူး ) - ကျပ် ၁ သိန်း
၎) ဦးရဲထူး( မြို့နယ်အုပ်ချုပ်ရေးမှူး ) - ကျပ် ၁ သိန်း
၅) ဦးကျော်နိုင် ( အကောက်ခွန်ဦးစီးမှူး ) - ကျပ် ၁ သိန်း
၆) ဦးကြည်မြင့် + ဒေါ်နန်းခမ်း ( တော်ဝင်မြန်မာမိသားစု ) - ကျပ် ၁ သိန်း
ဘတ်ငွေဖြင့်
၇ ) ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၁ ဦး - ၆၀၀၀ ဘတ်
၈ ) ဦးတင့်ဆွေ ( မဇ္ဈိမလူမှုကူညီရေးအသင်း ) - ၅၀၀၀ ဘတ်
၉ ) ကိုသောင်းထိုက် ဆန်ဆိုင်း(က) - ၅၀၀၀ ဘတ်
၁၀) ကိုမင်းထိုက် + မနန်းခမ်းမွန် ( မင်းထိုက် အီလက်ထရောနစ် ) - ၅၀၀ ဘတ်
ဆန်/ဆီ/ခေါက်ဆွဲခြောက်
၁၁ ) ဒေါ်စိုးဥမ္မာ ( တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ) - ဆန် ၃ အိတ်
၁၂ ) ဦးစည်သူမောင် + ဒေါ်နန်းကြာဖြူ မိသာစု - ဆန် ၂ အိတ်
၁၃ ) ကိုထွန်း မိသားစု (မယ်ဆိုင်) - ဆန် ၂ အိတ်
၁၄ ) ဦးအောင်ဖြိုးရှိန် ( သူရိယသင်္ကန်းတိုက် ) - ဆီ ၂ ပုံး
၁၅ ) ဦးစိုးထွန်းနိုင်+ဒေါ်မေငြိမ်းငြိမ်း၊ ကောင်းဆက်လင်း ဗီဒီယိုမိသားစု - ဆီ ၁ ပုံး
၁၆ ) တာချီလိတ်အွန်လိုင်းသတင်းဌာန - ခေါက်ဆွဲခြောက် - ၁၀ ဖာ
စုစုပေါင်းအနေဖြင့် ကျပ်ငွေ ၁၀ သိန်း၊ ဘတ်ငွေ ၁၆၅၀၀ ဘတ်၊ ဆန် ၇ အိတ်၊ ဆီ ၃ ပုံး နှင့် ခေါက်ဆွဲခြောက် ၁၀ ဖာ ရရှိသည်။
ကော်မတီအနေဖြင့် ယခုကောက်ခံ ရရှိသော အလှူငွေများအား ယခုဖြစ်ပေါ်နေသော ကိစ္စ တစ်ခုတည်းမှာပင် အကုန်သုံးစွဲမှာမဟုတ်ပဲ နောက်ဖြစ်ပေါ်လာမည့် ကိစ္စရပ်များတွင်လည်း အသုံးပြုနိုင်ရန်အတွက် စနစ်တကျ အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net